Friday, March 06, 2009


ချစ်စရာကောင်းတဲ့ သမီးလေး၊ တစ်နှစ်ပြည့်သွားပြီ။
ယောင်္ကျားလေးလားလို့ ခဏခဏ အမေးခံရတဲ့ သမီးလေး။
စိတ်ဧ။်ကျန်းမာခြင်း ကိုယ်ဧ။် ကျန်းမာခြင်း များနဲ့ ပြည့်စုံပါစေ။
လူမိုက်များနဲ့ မတွေ့ပါစေနဲ့။
Tuesday, March 03, 2009
အငယ်ကောင်တော့ ဒီနေ့ မလေးရှားကို လစ်ပြီ။
အလုပ်က လူရှော့ တဲ့အထဲ ပါသွားတော့ အလုပ်ပြန်ရှာတာလဲမရ။ visit pass ကို သက်တန်းပြန်တိုးလို့ လဲမရ။ နောက်ဆုံးတော့ မလေးရှား ကိုလစ်ရပြီ။
ဒီမှာ ကျောင်းအပ်လို့ တော့ရတယ်။ ဒါပေမယ့် ပထမလကို ၈၀၀ ပေးရမယ်။ နောက်လတွေကို လစဉ် ၅၀၀ ပေးရမယ် ဆိုတော့ ယောက်ဖလုပ်သူက မလေးရှားကိုသွားပြီး ပြန်ဝင်လာတာ ပိုတန်တယ်လို့ ထင်တာနဲ့ပဲ KL ကို လစ်ရပြီ။
စိတ်ပူစရာတော့ မရှိလောက်ပါဘူး။ ဟိုမှာ သူငယ်ချင်း တစ်ယောက်ရဲ့ အဖေက အလုပ်လုပ်နေတော့ လူလွှတ်ပြီး ကြိုခိုင်းလိုက်လိမ့်မယ်။
ဒီရောက်နေတဲ့ အဖေနဲ့အမေကတော့ စိတ်မချဖြစ်နေလေရဲ့။
မိန်းခလေးတွေတောင် သွားနေတာဆိုတော့ ဘာမှမဖြစ်တန်ကောင်းဘူးထင်ပါရဲ့။
သူငယ်ချင်းတွေ အားလုံးလဲအဆင်ပြေကြပါစေ။
Monday, March 02, 2009
$၄၂.၅၀ တန် နေ့လယ်စာ။
ဒီနေ့မှ ထူးထူးခြားခြား ရုံးကို ထမင်းဘူး ထဲ့မလာဖူး။
ဝယ်စားမယ် ဆိုပြီး တရုတ်ဆိုင်မှာ သွားတန်းစီပြီး ထမင်းဝယ်စား။ ပြီးတော့ အသီးသွားစားမယ်ဆိုပြီး အသီးဆိုင်ကိုလစ်၊ အသီးမ၀ယ်ခင် ဘေးနားဆိုင်မှာ 4D ၀င်ထိုးဦးမှပဲဆိုပြီး ၀င်ထိုး။
ပြန်ထွက်လာတော့မှ ကိုယ့်ပိုက်ဆံအိပ် ကိုယ်ပြန်စစ်ကြည့်တော့ ၅၀ တန် တစ်ရွက်ထဲ့လာတာ ၂ ကျပ် ပဲကျန်တော့တယ်။ သောက်ခွေး... အခုမှ သတိရတယ် ငါမှာ ပိုက်ဆံ ၄၀ ကျော်လောက်ရှိရမှာ ဘယ်ရောက်သွားပါလိမ့် ဆိုပြီး 4D ဆိုင်က ဒေါ်ကြီးတွေကို ပြန်မေး။ မသိဘူးတဲ့။ တပ်ခေါက်ပြီးပြန်လာ။ နောက်မှ ထမင်း ဆိုင်က မိန်းမ ငါ့ကို ၄၀ ကျော် အမ်းရမဲ့ဟာ ၇ ကျပ် ခွဲ ပဲ အမ်းလိုက်တယ် ထင်ပြီး သွားပြောတော့ သူက ၅၀ တန် အကြွေတွေ သေသေချာချာ အမ်းလိုက်တာ သေချာတယ်တဲ့။ ၀ယ်သူတွေ ဒီလောက်များနေတာ ဘယ်လိုလုပ် လူနဲ့ ပိုက်ဆန် ကို မှတ်မိလဲတော့ မသိဘူး
ကိုယ်ကလဲ အိပ်ချင်မူးတူးဖြစ်နေတော့ သူပဲတစ်ကယ် အမ်းလိုက်သလား။ ငါပဲ အိပ်ချင်မူးတူးနဲ့ တစ်နေရာမှာ ကျခဲ့သလား.... လားပေါင်းများစွာပေါ့။
ရင်ထဲတော့ သိပ်မကောင်းလိုက်ဖူး။ သူငယ်ချင်းတွေလဲ သတိထားပေါ့ဗျာ။
သြော် ၄၂ ကျပ်ခွဲတန် နေ့လယ်စာပါလား ဟရို့။
Tuesday, October 07, 2008
Friday, September 26, 2008
အဖြစ်က မနှစ်ကနဲ့ မတူ။သိချင်ရင်ဖတ်သာကြည့်ပေတော့။
ဗုဒ်ဓဟူးနေ့က အလုပ်ပြီးတော့ ပန်နီဆူလာမှာ fax ပို့စရာရှိတာပို့၊ စာအုပ် အပ်စရာရှိတာ အပ်ပြီးတော့ ပိုက်ဆံထုတ်ဦး ပါမယ်လေဆိုပြီး ၁ ထပ်က POSB ATM Machine တွေ ရှိရာကို ချီတက်ခဲ့ပါတယ်။
ကြားရက်ဖြစ်နေတော့ လူသိပ်မရှိဘူး။
အဲဒါနဲ့ ခဏလေးစောင့်ပြီး ကိုယ့်အလှဲ့ ကို ရောက်လာရော။အ၀င်အ၀က ပထမဦးဆုံး စက်မှာနော်။
ဒါနဲ့ ပိုက်ဆံ ၂၀ လောက် ထုတ်မယ်ဆိုပြီး ထုတ်တော့ အကြွေ မရှိဘူး ဦးလေးတဲ့။
၅၀ တန်ထုတ်မလားတဲ့။ ၅၀ တန်တော့ မထုတ်ချင်ဘူးလေ။
ဒါပေမယ့် screen ပေါ်မှာ yes ပဲပါတယ်။ No မပါဘူး။
အဲဒါနဲ့ ဘာရမလဲ စက်ပေါ်က Cancel ကို နှိပ်လိုက်တာပေါ့။ အဲဒီတော့ ကဒ်က ပြန်ထွက်လာတယ်။
ဒါနဲ့ ဘေးက စက်ကိုပြောင်းကြည့်တော့ ၂၀ပဲထပ်ထုတ်တာ ထုတ်လို့မရဘူးတဲ့။ရှိတဲ့ amount ထက် ကျော်နေလို့တဲ့။
ဒါနဲ့ လက်ကျန်ငွေကို စစ်ကြည့်လိုက်တော့ အလားလား... ၇ ကျပ်ပဲရှိတော့တယ်တဲ့။
တကယ် ရှိတာက ၅၇ ကျပ်။ ၅၀ ဘယ်ရောက်သွားပါလိမ့်ပေါ့။
ဒါနဲ့ ပထမစက်ကို ကြည့်လိုက်တော့လဲ ဘာမှမတွေ့ဘူး။
အဲဒီ စက်မှာပြန်စစ်ကြည့်တော့လဲ ၇ကျပ်ပဲ ပြနေတယ်။
လူလဲ တော်တော် အူကြောင်ကြောင်ဖြစ်သွားတယ်။
ငါ့ပိုက်ဆံ ၅၀ ဘယ်ရောက်သွားလဲဆိုပြီ အိမ်ပြန်လာတဲ့လမ်းမှာ တနုံနုံ နဲ့ စဉ်းစားလာတယ်။
အိမ်ရောက်တော့ မိန်းမကို ပြောပြသေးတယ်။ သူကတော့ နောက်လူယူသွားတာနေမှာဆိုပြီး ပြောနေသေးတယ်။
iBanking နဲ့ ပြန်မစစ်ကြည့်ရသေးဘူးလေ။
ထမင်းစားသောက် ရေချိုးပြီးမှပဲ ကိုယ့်အကောင့်ကို စစ်ကြည့်လိုက်တော့မှ ပဲ ၅၀ ထုတ်ထားတာတွေ့ရတယ်။
ဒါနဲ့ ၂၄ နာရီ ဆက်လို့ရတဲ့ ဘဏ်ရဲ့ (DBS) ဖုန်းနံပါတ်လိုက် ရှာပြီး ဆက်လိုက်တော့ ဟိုဘက်က တာဝန်ရှိသူ တစ်ယောက်နဲ့ တွေ့ရတယ်။(ည ၁၁ နာရီယောက်ရှိ ပြီထင်တယ်။)
ဒါနဲ့ပဲ ဖြစ်ပျက်ပုံကို ပြန်ပြောပြရတာ နဲ့ လူလဲ တော်တော် ဒေါသထွက်သွားတယ်။ဟိုဘက်ကလူက ပိုက်ဆံ ၅၀ ရသွားလားဆိုပြီးမေးနေသေးလို့ ရသွားလို့ကတော့ ငါမင်းကို ပိုက်ဆံအကုန်ခံ အချိန်အကုန်ခံပြီးတော့ ဆက်စရာမရှိဘူးလို့ ကောလိုက်ရတယ်။အဲဒီတော့မှ သဘောပေါက်သွားပုံရတယ်။(တကယ် လောင်ကျွတ်နော်)
နောက်တော့ ကျေးဇူးရှင်က အကောင့်နဲ့ ပက်သက်တဲ့ ကြောင်းတွေမေးပါတော့တယ်။
အကောင်းနံ ပါတ် အိုင်စီနံပါတ် ၊ နောက်ဆုံးငွေဘယ်လောက် ဘယ်နေရာမှာ ဘယ်အချိန်လောက်မှာ ထုတ်လဲတို့၊ ဒီအကောင့်ကို လခ ၀င်တယ်ဆိုရင် ဘယ်ကုမ်ပဏီက လွှဲတာလဲတို့ စတာတွေမေးပြီးတော့ ကောင်းကောင်ပြန်ဖြေနိုင်တော့ ကျေနပ်သွားပုံရပါတယ်။ သူက ဒီကိစ္စ ကို report တင်လိုက်ပါပြီတဲ့။ တကယ်ပိုက်ဆံထုတ်ပြီး မရဘူးဆိုရင် ကိုယ့်အကောင့်ထဲကို ပြန်လွှဲပေးပါ့မယ်တဲ့။ 3 working days တဲ့ဗျာ။
ဒီတော့လဲ Ok ပဲပြောရတ်ာပေါ့။ မေးတော့ မေးဖြစ်လိုက်ပါသေးတယ်။ ပန်နီဆူလာက ATM Machine တွေ ကောင်းရဲ့ လားလို့တော့။
ပြန်မရလောက်ဖူးလို့တော့ ထင်တာပေါ့လေ။
အဲ နောက်တစ်ရက် ကြာသာပတေးနေ့ ထမင်းစားပြီးချိန်လောက်ကျတော့ ဖုန်းကို မက်ဆေ့ခ်ျ ၀င်လာတယ်။ ၅၀ ပြန်လွှဲလိုက်ပါပြီတဲ့။
ဟဲဟဲ။ ဒါနဲ့ မမှတ်သေးဘူး ပိုက်ဆံ ၂၀ လောက် ထုတ်လိုက်သေးတယ်။ဟားဟား။ အခုတော့ ရီနိုင်ပြီပေါ့လေ။ ဖြစ်တုန်းကတော့ အင်း.....
စလုံးက ဘော်ဒါတွေလဲ ဒါမျိုးကြုံလာရင် ဘယ်လိုဖြေရှင်းလို့ ရတယ်ဆိုတာလေး ဝေမျှလိုက်တာပါ။ဆရာလုပ်တာမဟုတ်ပါဗျာ။
ကိုယ့်ဘက်က မှန်လို့ကတော့ ဖုန်းသာဆက်။ဘာမှ မကြောက်နဲ့။
အားလုံးအဆင်ပြေကြပါစေ။
almightyad
Wednesday, September 24, 2008
ဘာလိုလိုနဲ့ ဒီဘလော့ ကို ဖွင့်သာဖွင့်ထားပြီး မရေးဖြစ်တာကြာပြီ။
သူများနိုင်ငံမှာ လာနေပြီး အလုပ်လုပ်ရတာ သိပ်မမိုက်ဘူး
အားချိန်လဲ မရှိ။ စရိုက်ကလဲ မတူ။ စကားပြောတာလဲ မတူ။လက်ဖက်ရည် ဆိုင်တောင် မတူဘူး။
ရန်ကုန်မှာဆို အလုပ်ပင်ပန်းလဲ ဘော်ဒါတွေနဲ့ ညကျရင် ဒေါင်ထိုင်ပြီး တော်ကီ ပွားလို့ရသေးတယ်။
ဒီမှာ ဒေါင်သွားထိုင်လို့ကတော့ နားငြီးပြီသာမှတ်ပေတော့။
ဘာလိုလိုနဲ့ စလုံးရောက်တာ ၃ နှစ်ကျော် လောက်ရှိသွားပြီ။ အခုထက်ထိကို သူတို့ စကားသံတွေကို အသားမကျနိုင်သေးဘူး ဖြစ်နေတုန်းပဲ။ဆေးလိပ်ဈေးတွေလဲ တစ်ဖြည်းဖြည်းတက်လာလိုက်တာ..
မြန်မာတွေလဲ တော်တော်များလာပြီ။
ဟိုနေရာလည်း မြန်မာ ဒီနေရာလည်း မြန်မာ။ မိုက်တယ်နော်။
ကြာရင် စလုံး ကို မြန်မာတွေ ၀ါးမျိုတော့မယ်ထင်တယ်။
ရေးရတာ ပျင်းလာလို့ ဒီမှာပဲ ရပ်လိုက်တော့မယ်ဗျာ
နောက်မှပဲအေးဆေး ရေးတော့မယ်။