Thursday, June 25, 2009
ပုဆိုးကျွတ်ခြင်း
ကျွန်တော်ကြိုက်တဲ့အရသာခါးခါး
နေ့ တိုင်းကျိုးနေကျသီလတစ်ပါး
သုရာမေရယ
ဘူ....တာတွေကစ
အလုပ်ကပွဲစား
ဂျပိုးနဲ့လိပ်ဇယား
ဒီလိုနဲ့မုသား
ကျိုးပြန်ပြီပေါ့နောက်တစ်ပါး
သွေးလွန်တုပ်ကွေး
အရွယ်မှမရွေးပဲ
လက်ထဲကခြင်ရိုက်တံထဲ
တစ်ကောင်ပြီးတစ်ကောင်မိ
ဒီတခါ..ပါဏာတိ
လူအလစ်မှာယူမိခဲ့တာပါ
ဓတ်ပုံပိုင်ရှင်သူငယ်ချင်းရေ
ဒီနေရာကနေတောင်းပန်လိုက်ပါရဲ့ 
အချစ်ကြောင့် ဖြစ်ခဲ့ရတဲ့စောရ
ကျူးလွန်မိတာ..အဒိန္န
လူတွေကျပ်တဲ့ဘက်စ်ကားထဲ
အတိုးကောင်းတဲ့ကျိုးတစ်ချောင်း
ဘေးနားလာပြီးငြုတုတု
ကျွန်တော်စိတ်ကခပ်နုနု
မဖြစ်ချေဘူး...ဒါ
ဒါ...ကာမေသု
KEY
ဒီကဗျာလေးဖတ်ပြီးကျွန်တော့် လိုပုဆိုးမကျွတ်အောင်ရှောင်ကျ
ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲကြပါ
သူငယ်ချင်းရဲ့ ကဗျာလေးပါ။
No comments:
Post a Comment