Tuesday, December 15, 2009
php cookie array
Php programming ကို လုပ်လာတာ ၂ နှစ်ပြည့်တော့မယ်။ cookie ကို တစ်ခါမှ မသုံးဖူးသေးဘူး။
များသောအားဖြင့် session ဒါမှမဟုတ် database ထဲမှာ သိမ်းတာများတယ်။
ဒီတစ်ခါ လုပ်တဲ့ အပိုင်းကျမှ သူဌေးက cookie သုံးပေးပါတဲ့။
session နဲ့က ရေးပြီးသားဖြစ်နေပြီ။ ဒါပေမယ့် ဟုတ်ကဲ့ပေါ့။ စိတ်ထဲကတော့ %$&&^*^@!&*&^
ဒါနဲ့ ဦး ဂူဂယ် ကို ကွတ်ကီး တွေ ဘီစကစ် တွေ အကြောင်းမေးကြည့်ရတာပါ့။
အတော်ကြာကြာ ချာလပတ်ရမ်းပြီးတဲ့နောက်တော့ လုပ်တတ်သွားရော။
ပုံမှန် cookie တစ်ခုကို create လုပ်ရတာက လွယ်တယ်။ ဒါပေမယ့် cookie array ကျတော့ မလွယ်တော့ဘူး။(ကိုယ့်အတွက် ပြောပါတယ်)
ဒါပေမယ့် ဖြတ်ညှပ်ကပ်သမားတွေပဲလေ။ ကြံလိုက်ဖန်လိုက်တော့လဲ ဖြစ်တာပါပဲ။
ပုံမှန် Cookie တစ်ခုကို ဒီလို လုပ်လို့ရတယ်။
setcookie("cookie_name","cookie_value",time()+3600);
cookie array ဆိုရင်တော့
ဆိုပါတော့
$id = 1 နဲ့ cookie တစ်ခု create လုပ်တော့မယ်ဆိုရင် အောက်က ပုံစံနဲ့ လုပ်လို့ရတယ်။
if(!isset($_COOKIE["cookie[$id]"])){
setcookie("cookie[$id]","whatever_value");
}
isset() ဆိုတဲ့ function က ဒီ cookie ကို ရှိပြီးသားလား မရှိသေးဘူးလားလို့ စစ်တာ။(တခြား variable တွေကို စစ်တာလဲ ဒါပဲ။)သိချင်ရင် ဦးဂူဂယ် ကို မေး။
နောက်ထပ် လာသမျှ $id အကုန်လုံးကို အပေါ်က နည်း အတိုင်း create လုပ်လို့ရပြီ။
တကယ်လို့ $id = 5 ကို ဖျက်ချင်တယ် ဆိုပါတော့။အောက်ကအတိုင်း ခေါ်လိုက်ယုံပဲ။
setcookie("cookie[$id]","whatever_value",time()-3600);
time()-3600 ဆိုတာ ကျန်ခဲ့တဲ့ ၁ နာရီကို ပြန်ညွှန်းထားတာဖြစ်လို့ cookie ကို expire ဖြစ်သွားပြီဆိုပြီး လုပ်လိုက်တာပဲ။
ကိုယ် create လုပ်လိုက်တဲ့ cookie array ထဲက data တွေကို လိုချင်တယ်ဆိုရင်တော့
foreach($_COOKIE["cookie"] as $id => $value){
echo "$id - $value\n";
}
create လုပ်ထားတဲ့ cookie ကို array အနေနဲ့ သဘောထားလို့ရတယ်။
ဒါပေမယ့် data ကို ယူတဲ့ နေရာမှာကျတော့ for loop မသုံးတော့ပဲ foreach ကို သုံးရမယ်လို့ဆိုတယ်။
ဘာကြောင့်လဲ မမေးနဲ့။ မသိဘူး။
ဟာဗျာ ရှုပ်နေတာပဲ ဆိုရင် မဖတ်ပါနဲ့။ ကိုယ်ဖာသာကိုယ် မေ့သွားမှ စိုးလို့ မှတ်တမ်းတင်ထားတာ။ :D
အောက်က ရင်းဂလိပ်လို မှတ်တမ်းတင်ထားတာ။ :P
Play around with cookie array in PHP
//create a cookie array
setcookie("cookie[$whatever_id]","whatever_value");
//delete an element of your cookie array
setcookie("cookie[$whatever_id]","whatever_value",time()-3600);
//get array data from cookie array
foreach($_COOKIE["cookie"] as $id => $value){
echo " $id - $value \n";
}
best,
yes this is the hidden content.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment