Tuesday, June 02, 2009

ဖောင်း...
အား...ရက်စက်လိုက်တာ သမီးရယ်။
ဖြစ်ပုံက ဒီလို။ မနေ့က သမီး နဲနဲဖျားလို့ ညကျရင် ကောင်းကောင်းမအိပ်ပဲနဲ့
တစ်နာရီခြား တစ်ခါလောက် နိုးနိးုပြီး သူ့အမေနို့ကို စို့နေတတ်တာ။
သမီးက နို့စို့ရင် သူ့ ပုံစံက ကျွန်တော်တို့ အိပ်သလို အလျားလိုက် မအိပ်ပဲ အဖေနဲအမေကြားမှာ ကိုယ်ကြီးကို ကန့်လန့်ဖြတ်ပြီး အိပ်တတ်တယ်။ နောက်ပြီး ခြေထောက်ကလဲ အငြိမ်မနေဘူး။ ခြေထောက်နဲ့ ထိနေတဲ့ အရာမှန်သမျှ ကို ကန်ထုတ်လိုက် ဖနောင့်နဲ့ ပေါက်လိုက် လုပ်နေတတ်တယ်။

ဒီမနက် မိုးလင်းခါနီးတော့လဲ အဲဒီလိုပဲ နို့စို့နေရင်း သိတော့သိနေသား သမီးခြေထောက်က မျက်နှာနားကို
ဝဲနေတယ်ဆိုတာ။ဒါပေမယ့် မနေ့ညက အိပ်တာ နောက်ကျတော့ မထနိုင်ဘူး။သမီးကို ဆေးတိုက်ဖို့ စောင့်နေတာကြောင့် အိပ်တာနောက်ကျသွားတယ်။

အဲဒီအချိန်မှာပဲ ချစ်သမီးရဲ့ ဖနောင့်က မျက်လုံးပေါ်ကို ကျလာတော့တာပဲ။
အားယိုးယိုး....... လို့ အော်ရတဲ့အထိအောင် နာတာပါပဲ။
လူလဲ အိပ်ချင်စိတ်တွေ ဘာတွေ ပျောက်သွားတယ်။
ငါတော့ ရုံး တောင် သွားနိုင်ပါ့မလားလို့ တွေးမိတယ်။(ရုံးမသွားချင်ရင် ဇတ်လမ်းကို အဲဒီလိုပဲ ဆင်ရတယ်။)
နောက်တော့ သမီးကိုယ်ပူကို စမ်းကြည့်တော့ နဲနဲသက်သာလာသလိုပဲ။ ဒါနဲ့ ဆေးထပ်တိုက်မယ် စဉ်းစားတော့ မနက်စာ စားပြီးမှ ဆေးတိုက်တာ ကောင်းမယ်ဆိုပြီး "မိန်းမရေ သမီးကို မနက်စာကျွေးပြီးမှ ဆေးတိုက်ရင်ကောင်းမယ်။"
သမီးကနိုးနေပြီလေ။
ဒါနဲ့ မိန်းမက မနက်စာ သွားပြင်နေတုန်း ကိုယ်လက်သန့်ရှင်းရေးလုပ်။
သမီးလေးကို မျက်နှာသစ်ပေး။ diaper လဲပေး။ နောက်ပြီး ရုံးကို ခွင့်တိုင်တဲ့ email ပို့။

"မနက်စာရပြီ။အပြင်မှာစားမလား၊ အထဲမှာ စားမလား "လို့ မိန်းမက မေးတော့ "အထဲမှာပဲစားရအောင်၊ သမီးက လေတိုက်ခံလို့ မရဘူး"
ကျွန်တော်တို့ နှစ်ယောက်အတွက်က ပေါင်မုန့်နဲ့ ကြက်ဥကျော်။ သမီးက ပေါင်မုန့်နဲ့ ကော်ဖီ။(ကြက်ဥကျော်က သမီးကို ရင်ပြည့်နိုင်တယ်။နေမကောင်းတော့ အစာမခြေနိုင်မှာ စိုးရတယ်၊)

"မရေ။ သမီးကတော့ ကိုယ်ပူကျလာပြီ။ နောက် ပေါင်မုန့်လဲစားတယ်ဟေ့" မိန်းမကို လှမ်းပြောနေရင်းက တူတူတူတူ တူတူတူတူ နဲ့ ဖုန်းက ထမည်လာပါရော။

အစောကြီးရှိသေးတာ။ဘာကြောင့် မြည်တာလဲပေါ့။
ဖုန်းခေါ်တဲ့ အသံတော့ မဟုတ်ဖူး။ Reminder လို နှိုးစက်လို အသံမျိုးပဲ။
ဒါနဲ့ သွားပြီး ကြည့်လိုက်တော့....
today is our 2nd anniversary
ဟိုက် ဟုတ်သား
အရင်က ဒီလိုနေ့ရက်တွေကို မမေ့တတ်တဲ့ လူနှစ်ယောက်။
အထူးသဖြင့် နေ့ရက်တွေ အဖြစ်အပျက်တွေကို မှတ်မှတ်သားသားရှိတဲ့ ကျွန်တော့်မိန်းမတစ်ယောက်
အိမ်ထောင်ကျပြီး ၂ နှစ် အတွင်းမှာ ပြောင်းလဲသွားလိုက်ပုံများ။သမီးဇောနဲ့ ၂ ယောက်စလုံး နှစ်ပတ်လည်နေ့ကို မေ့နေလိုက်ကြတာ။
"ဒီမှာကြည်စမ်း"ဆိုပြီး မိန်းမကို ဖုန်း reminder လေးပြလိုက်တော့ .....

ဒီ ဒုတိယပိုင်းက တော့ ကျွန်တော့ ကြင်သူရဲ့ ဖီလင်လေးပါ...

အင်း သူပြောသွားသလိုပါပဲ။ ကျွန်မက အမှတ်တရဖြစ်စရာရက်စွဲလေးတွေကို သတိတရ ရှိတတ်ပါတယ်။ တမင်တကာမှတ်သားထားတာမဟုတ်ဘဲ မှတ်မိနေတတ်တာပါ.. (အရင်တုန်းက... အိမ်ထောင်မကျခင်ထိပေါ့) အဖေဆုံးတဲ့ ရက်စွဲ ... ကျွန်မအနှစ်သက်ဆုံးအလုပ်ဝင်တဲ့ ရက် ... သူနဲ့ စကြိုက်တဲ့ ရက် စသဖြင့် ပေါ့.. ဒါပေမဲ့ ကျွန်မတို့ အိမ်ထောင်ကျပြီးနောက်ပိုင်း အထူးသဖြင့် သမီးကလေးမွေးပြီးနောက်ပိုင်း ကျွန်မ အရာ ရာ ကို မေ့လျော့တတ်လာပါတယ်။
ဒီမနက်လည်း မနေ့ညက အဖျားတက်လို့ ကောင်းကောင်းမအိပ်နိုင်တဲ့ သမီးကလေးအကြောင်းတွေးရင်း... ဒီနေ့ ဟာ ကျွန်မတို့အတွက် အလွန်အရေးပါတဲ့ နေ့တစ်နေ့ ဖြစ်တယ်ဆိုတာ အလိုလိုမေ့လျောနေပါတယ်. သမီးလေး ဘယ်လိုသက်သာအောင် ရေပတ်ဝတ်ပဲ နဖူးပေါ်တင်ရမလား အပူကျဆေးတိုက်ရမလား.. သွေးလွန်တုပ်ကွေးဆိုရင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး တမနက်လုံးတွေးနေမိတယ်
ဖုန်း က reminder လေးကို သူလာပြတော့ အလိုလိုပြုံးရယ်မိရင်း လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်မတို့ ပုံရိပ်တွေ ပြန်မြင်ယောင်လာပါတယ်...

ကျွန်မရဲ့ ကြင်သူက ကြွေရောင်တောက်နေတဲ့ ရှပ်အကျီအပေါ်က နက်တိုင် ဒီဇိုင်းလှလှပတ်ပြီး စတိုင်လ်ဘောင်းဘီအနက်နဲ့ သပ်သပ်ရပ်ရပ်ညှပ်ထားတဲ့ ဆံပင်တိုတိုထောင်ထောင်လေးတွေနဲ့ သန့်စင်တောက်ပနေခဲ့တာ (သူ့သူငယ်ချင်းတွေက ဘဲ ကြီးက သန့်ပြန့်နေတာပဲလို့ ပြောယူရတဲ့ အထိ)... ကျွန်မကလည်း ကိုယ်နဲ့ အတိချုပ်ထားတဲ့ ရွှေအိုရောင်ဝမ်းဆက်ကို ပုဝါလေးနဲ့ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်စည်းနှောင်လို့ မျက်နှာကိုလည်း အဆင်ပြေအောင်လိမ်းချယ်ထားခဲ့တာ..
တစ်ယောက်နဲ့ တစ်ယောက် လက်စွပ်ဝတ်ပေးရင်း လက်ထပ်ကျမ်းကျိန်တဲ့အခိုက် နှစ်ယောက်စလုံး ရင်တွေ တဆတ်ဆတ်ခုန်တဲ့ အထိ စိတ်လှုပ်ရှားနေခဲ့ကြတာ.. သူက ကျွန်မရဲ့ လက်နှစ်ဖက်ကို ဆွဲယူ အုပ်မိုးကြည့် ကျွန်မကလည်း ပြန်မော့ကြည့်ရင်း solemniser တိုင်ပေးတဲ့ အတိုင်းလိုက်ရွတ်နေမိတုန်း စိတ်လှုပ်ရှားနေကြတာ ဘေးပတ်ဝန်းကျင်က လူတွေကိုမေ့သွားတဲ့အထိပါပဲ...

ဒါပေမဲ့ ..ဒီမနက် အဲဒီလို အချိန်မှာတော့ ကျွန်မတို့ အဲဒီလို စိတ်ကူးယဉ်ဖို့ နေနေသာသာ.. နေကောင်းခါစ သမီးလေးကို အလယ်မှာထားလို့ ကျွန်မကလည်း ညက၀တ်ထားတဲ့အကျီ.. ဆံပင်တွေကိုလည်းခေါင်းပေါ်ဖရိုဖရဲ ပစ်တင်လို့... မျက်နှာအပြောင်သားနဲ့ သူကလည်း မျက်နှာတော့သစ်ထားပါရဲ့ အိပ်ရေးပျက်မျက်လုံးတွေနဲ့ ခေါင်းအုံးကို မှီလို့...


မနှစ်က 1st anniversary တုန်းကလည်း ကျွန်မနဲ့ သမီးကလည်း ပြန်ရောက်ခါစ သမီးကလည်း သိပ်ငယ်သေးတော့ ရွာလည်နေတဲ့အချိန်ဆိုတော့ နောက်နှစ်ရက်လောက်ကြာမှ သတိရကြတာပါပဲ။

ရုပ်ရှင်တွေတဲမှာတော့ ဒီနှစ်ပတ်လည်ရက်ကို တခမ်းတနားနဲ့ ကျင်းပကြ.. ဒါမှမဟုတ် အပြင်ထွက်လျှောက်လည်ကြနဲ့ အားကျစရာ ပျော်စရာပေါ့ ...
'phone reminder' လေးကို ကြည့်ရင်း သူက “This is lfe" လို့ ခပ်တိုးတိုးရေရွှတ်တာ ကြားလိုက်မိပါရဲ့..



Thanks for reading this.
အောင်ဒင် + ယုကီ (အိမ်ထောင်သက် ဒုတိယနှစ်ပတ်လည် အမှတ်တရ)
မသိချင်းတွေနဲ့ ရှုပ်နေခဲ့တာ...

5 comments:

  1. Congratulations ...!!!!
    Next year ... try to get One more infant on the anniversary day. In this way, that can solve that kinda prob. Huh, isn't it???

    No need to give me consultant fees....

    By the way, we are getting ready for celebrations ... :) ..

    ReplyDelete
  2. haha.
    that needs us to hold a meeting :D
    for celebrations, coppi o, ok?

    ReplyDelete
  3. ကလေးကို သူ့ကုတင်လေးနဲ့သူ လူကြီး ကုတင်ဘေးမှာပဲထားပြီး သိပ်သင့်ပြီ။

    ReplyDelete
  4. ဒါနဲ့စကားမစပ် ခွင့်ကမနေ့ညက Man-U ဘောပွဲရှိလို.မဟုတ်ဘူးလား ။ :D

    ReplyDelete
  5. master bedroom ကြီး နှစ်ဆလောက် ကျယ်သွားတဲ့နေ့ မှာ သူ့ကို ကုတင်သပ်သပ်နဲ့ သိပ်ပါမယ်။
    မနေ့ညက မန်ယူပွဲ မရှိပါကြောင်း
    ကောလာဟလ သာဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။ ဟိဟိ။
    google ads လေး တွေလဲ ကလစ်လုပ်ကြဦးနော်။
    ပိုက်ပိုက်လေးဘာလေးရအောင်လို့ :D

    ReplyDelete