Tuesday, April 14, 2009

ပါဝင်ခဲ့သော project များ

www.club21shop.com
www.supernature.com.sg


အောင်ဒင်

မသိချင်းတွေနဲ့ ရှုပ်နေခဲ့တာ...

ညီငယ်တော့ အလုပ်ပြန်ရသွားပြီ။

ကံတရာက ဆန်းကျယ်ပါဧ။်
အားကြိုးမာန်တက်နဲ့ စလုံးမှာ ကုပ်ကပ် အလုပ်ရှာရင်း ကံကောင်းထောက်မစွာနဲ့ အလုပ်ပြန်ရသွားပါပြီ။
အမြတ်ကတော့ မလေးရှားမှာ stay ရှောင်ရင်း KL နဲ့ အပန်းဖြေကမ်းခြေ ကိုပါရောက်ခဲ့ပါကြောင်း။
ကျွန်တော့်ညီ အလုပ်ရှာနေတဲ့ တောက်လျှောက် သမ္မဗုဒ္ဓေ ကို အဓိဌာန်နဲ့ ပုတီး စိတ်ခဲ့ပါတယ်။
ယုံကြည်သူများ လိုက်လုပ်နိုင်ပါကြောင်း။

လုပ်ရမှာက ဘုရားရှေ့မှာ တစ်နေ့ကို
သမ္မဗုဒ္ဓေ ဂါထာ ပုတီး ၁ ပတ်နဲ့ ၁၀ ရက် စိတ်ပါမယ်ဆိုတာ ကို အဓိဌာန် ရမယ်။ ပုတီးစိတ်နေတုန်း ဂါထာရဲ့အနက်ကိုပဲ အာရုံပြုရမယ်။ အလုပ်မရတောင် ကုသိုလ်တွေ တစ်ပုံတစ်ပင်ကြီး ရနိုင်တယ်။ ၁၀ ရက်ပြည့်သွားရင် ကိုယ်က ၁၀ ပြည့်အောင် ပုတီးစိတ်ခဲ့ ပါတယ်ဆိုတာ သစ္စာဆိုပြီး လိုချင်တဲ့ reasonable ဆုတစ်ခုတောင်းပေတော့။
အကုသိုလ် သိပ်များနေရင်တော့ အဓိဌာန် ၂ကြိမ် ၃ ကြိမ်လောက် လုပ်ရမယ်။ :D

အဆင်မပြေသူများ အဆင်ပြေကြပါစေသော်ဝ်
အောင်ဒင်
မသိချင်းတွေနဲ့ ရှုပ်နေခဲ့တာ...

သြော်၊ ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်ခဲ့ပြန်ပေါ့

ဘာလိုလိုနဲ့ နောက်ထပ်သင်္ကြန်တစ်ခု ထပ်ရောက်ခဲ့ပြန်ပြီ။

ရန်ကုန်မှာ ဆိုရင်တော့ မြို့ထဲလောက်တော့ ရောက်ဖြစ်ပါရဲ့။

စလုံးမှာဆိုလဲ မိန်းမမရခင်က တိုပိုင်းရိုး ဘုန်းကြီးကျောင်းတို့ ပန်နင်ဆူလာ ပလာဇာ လောက်တော့ ရောက်ပါရဲ့။(မိန်းမရလို့ မရောက်တော့တာတော့ မဟုတ်ရပါ။:D)

ဒီနှစ်တော့ ဘယ်မှ မရောက်ဖြစ်တော့ဘူး။

အိမ်ရှင်မကတော့ စလုံးသင်္ကြန် မရောက်ဖူးတော့ သွားချင်နေလေရဲ့။

သမီးလေးကို ကြည့်ပေးထားမယ် သွားပါဆိုတော့လဲ တစ်ယောက်ထဲမို့လို့တဲ့။ဟုတ်တာပေါ့လေ။

သင်္ကြန်ကို ဘာကြောင့် feel မလာတော့လဲဆိုတာ စဉ်းစားရင်း.......

သင်္ကြန်မှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်ဧ။်ကျန်းမာခြင်း၊ စိတ်ဧ။် ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ။

အောင်ဒင်



မသိချင်းတွေနဲ့ ရှုပ်နေခဲ့တာ...