Thursday, July 07, 2011

မယုကီ ရဲ့ ရင်တွင်းဖြစ်

အခုတလော သတင်းစာတွေထဲမှာ နိုင်ငံခြားသား အလုပ်သမားတွေအကြောင်း ခဏခဏ ဖတ်ရတယ်။ များသောအားဖြင့် နိုင်ငံခြားသား အလုပ်သမား တွေများလာလို့ စင်္ကာပူနိုင်ငံသားတွေ အလုပ်ရှားလာတယ် ဘာညာပေါ့။ဒါကြောင့် အစိုးရကလည်း ပြုတ်မှာစိုးပြီး ပူးပေါင်းနှိပ်ကွပ်တဲ့ အနေနဲ့ ကုမ်မဏီတွေက နိုင်ငံခြားသား QUOTA ကို လျှော့ချပစ်တယ်။ အဲဒီတော့ နိုင်ငံခြားသားတွေ အတွက် အလုပ်သမားနေထိုင်ခွင့်လျှောက်တာတောင် ခက်ခဲကုန်တယ်။
ဒါတွေကို မသိချင်ယောင်ဆောင်နေခဲ့ပေမဲ့ အခု အလုပ်ထွ့က်လိုက်ပြီး နောက်အလုပ်တစ်ခုရှာတဲ့ အခါ မရေးရမနေနိုင်အောင် ကိုယ်တွေ့အတွေ့အကြုံတစ်ချို့က နှိုးဆော်လာတယ်။

အလုပ်ခေါ်ထားတာတွေ့လို့ ဖုန်းဆက်တဲ့အခါတိုင်း 'Are you local" လို့ တရုတ်သံဝဲ၀ဲနဲ့ မေးတိုင်း စိတ်ရှည်ရှည်ထားပြီး အလုပ်လုပ်ခွင့် ရှိသူတစ်ယောက်ပါလို့ ရှင်းပြရတာကို မုန်းလာတယ်။ ဒါတောင်မှ တရုတ်လိုပြောတတ်လားလို့ မေးပြီး အဖြေရတာနဲ့ ”အိုး ငါတို့က တရုတ်လိုပြောတတ်တဲ့လူ ရှာနေတာပါ“လို့ပြောပြီး ဖုန်းချသွားတယ်။ တခါတလေ သူတို့ စလုံးတွေပဲလိုအပ်ကြောင်း ပြောင်ပဲ ဖွင့်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အလုပ်လာရှာတဲ့ သူငယ်ချင်းဆိုရင် အရည်အချင်းရှိရက်နဲ့ အလုပ်မရသွားပါဘူး။ သူပိုင်နိုင်ကျွှမ်းကျင်တဲ့အလုပ်ကြော်ငြာ တစ်ခုမှာ “နိုင်ငံသားများနှင့် ပီအာများသာ“ လို့ရေးထားတယ်။ သူရောက်ကတည်း ကြော်ငြာထားတာ သူနေထိုင်ခွင့်နှစ်လပြည့်လို့ ပြန်သွားတဲ့အထိ ဆက်ကြော်ငြာတုန်းပါပဲ။

4:30 PM သူတို့နိုင်ငံက အခွင့်အရေးပေးထားလို့ ကိုယ်လာပြီး အလုပ်လုပ်ရတာတို့1ကိုယ့်နိုင်ငံကိုနှိမ်ချပြောဆိုလာရင် ကြက်ခေါင်းဆိတ်မခံ ကိုယ့်နိုင်ငံက ဆင်းရဲ့သားနူိုင်ငံမဟုတ်တဲ့ အကြောင်း နိုင်ငံရေးအခြေအနေကြောင့်သာ တစ်ခြားနိုင်ငံလာလုပ်ရတဲ့အကြောင်း ရှင်းပြချင်စိတ်ကုန်လာတယ်.

ဒီမှာ ကျွန်မအတွေ့အကြုံတစ်ခုပြောပြချင်တယ်။ ကျွန်မ ရုံးမှာ အတူလုပ်တဲ့ သက်လတ်ပိုင်း စလုံးလုပ်ဖော်ကိုင်ဖက်မိန်းမတစ်ယောက်ရှိတယ်။ သူ တရုတ်ပြည်ကို ခရီးသွားဖို့ အချက်အလက်တွေ အင်တာနက်မှာ မရှာတတ်လို့ကူညီပေးရတယ်။ smart phone သုံးပြီး သွားချင်တဲ့နေရာတွေ ဘစ်ကားလာမဲ့ အချိန်ကြည့်ပြီး အိမ်က တွက်ချက်ထွက်လို့ ရတယ်လို့ပြောပြရင် ပါးစပ်အဟောင်းသားနဲ့ ... နှိပ်ကွပ်တာမဟုတ်ဘူး ပြောပြတာပါ။

စလုံးတွေ အလုပ်ကောင်းကောင်းမလုပ်လို့ ပညာကောင်းကောင်းမသင်လို့ အလုပ်မရတာ အခွင့်အရေးမရတာ သူတို့သိပုံမရဘူး။ ဥပမာ ကျွန်မ အရင်အလုပ်တုန်းက ကျွန်မလုပ်တာ နှစ်လပဲ ရှိသေးတယ်။လစာ တိုးပေးတယ်။ ဘာကြောင့်လဲ မေးကြည့်တော့ ပုံနေတဲ့အလုပ်တွေ ခဏနဲ့ ရှင်းသွားလို့တဲ့။ အလုပ်တွေက လွယ်လွယ်လေးတွေကို မလုပ်သွားတာပါ။
 ဆိုပါတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အလုပ်အင်တာဗျုးတစ်ခုသွားတယ်။ ကျွှန်မရဲ့ ဘွဲ့အထောက်အထားတွေ ဘာတွေညာတွေ သယ်ခဲ့ပါဆိုလို့ သယ်သွားတယ်။ သတင်းစာထဲမှာ တွေ့ရာမြင်ရာလျှောက်ထားတော့ သူတို့လိပ်စာ ပေးထားတာနဲ့တိုက်ကြည့်တော့မှ ...ရှေ့နေရုံးကြီး ဖြစ်နေတယ်။ ခေါ်တဲ့သူကလည်း ခေါ်တယ်ဆိုတော့ အတွေ့အကြုံရလည်း မနည်းပါဘူးဆိုပြီးသွားလိုက်တယ်။ စက်ကက်ကျေး ဆိုတော့ အလုပ်ရရင် လစာလေးက မဆိုးလောက်ဘူးပေါ့။ ဟိုရောက်တော့ ခဏ ထိုင်စောင့်ခိုင်းလို့ စောင့်နေရသေးတယ်. ပြီးတော့ အခန်းနောက်တစ်ခုထဲ ခေါ်သွားပြီး အင်တာဗျူးတော့တာပဲ.

ကိုယ့်အတွေ့အကြုံဘာညာမေးပြေီး အထောက်အထားတွေကြည့်ြ့ပီးတော့ အနှီပုဂိုလ် (အသက် ရ၀ခန့ှ်ေရှ့နေကြီး) ကိုယ်က အဆင်ပြေနိုင်တယ်လို့ ဆိုတယ်။ ပြီးတော့မှဘယ်လိုနှိပ်ကွပ်လဲဆိုတော့ ကျွန်မက လေးနှစ်တာလောက် စင်္ကာပူနိုင်ငံကြီးမှာနေလာပြီးတော့ ဘာကြောင့် စလုံးသံ (local accent)မရှိတာလဲတဲ့တော်။ သူက ကျွန်မ client တွေနဲ့ စကားပြောတဲ့အခါ နားမလည်နိုင်မှာ စိုးရိမ်တဲ့အကြောင်း ပြောတယ်ရှင့်. ကျွန်မ မြန်မာတိုင်းမ်မှာ သတင်းထောက်လုပ်ခဲ့တုန်းက အင်္ဂလိပ်စကားပြောနိုင်ငံတွေက အယ်ဒီတာတွေနဲ့ နေတိုင်းပြောဆိုရှင်းပြခဲ့တုန်းက အဲဒီလို အပြောမခံခဲ့ရပေမယ့် စင်္ကာပူလို သူများဘာသာစကား နိုင်ငံဘာသာပြဌာန်းထားတဲ့ နိုင်ငံကလူတွေ ပြောတာခံရတာပဲ..
  နောက်တစ်ခု သူကပြောသေးတယ် ...မြန်မာနိုင်ငံသားတွေအလုပ်ကြိုးစားတာသူသိတယ်တဲ့. ကျွန်မ ဂုဏ်ယူပြုံး ပြုံးဖို့ ကြိုးစားနေတုန်း သူက “အဲဒါ ဘာကြောင့်လဲဆိုတော့ မင်းတို့နိုင်ငံက ဆင်းရဲတော့ သူတို့ဒီမှာပဲ ဆက်နေချင်လူို့ အလုပ်ကြိုးစားကြတာ။အိမ်မှာဆို အိမ်ဖော်ကို သီရိင်္လကာက ခေါ်ထားတာ .ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံက ဆင်းရဲလို့ သူတို့က အလုပ်ကြိုးစားကြတယ်“ လို့ စကားဆက်ပါတယ်။ ကျွန်မကလည်း ကျွန်မတို့နိုင်ငံဆင်းရဲတာ နိုင်ငံသားတွေကြောင့်မဟုတ်ကြောင်း၊ အစိုးရချုပ်ကိုင်မှုကြောင့်သာ ဖြစ်ကြောင်း အတတ်နိုင်ဆုံး ပြန်ရှင်းပြခဲ့ပါတယ်။

ဒါ... အဲဒီလူမှ မဟုတ်ဘူး ပထမဆုံးအလုပ်ရှာတုန်းကလည်း အဲဒီလိုအပြောခံရဖူးတယ်။ ပြီးခဲ့တဲ့ အလုပ်ထဲမှာလည်း ဖုန်းလက်ခံတဲ့အခါ ကျွန်မကို local မဟုတ်ဘူးဆိုတာသိကြောင်း ပြောခံရဖူးတယ်။ ကျွန်မကလည်း localမဟုတ်ကြောင်း ကျွန်မ စင်းဂလစ်ရှ် စကားမပြောဖြစ်ကြောင်း ပြန်ပြောဖူးတယ်။


ကိုယ့်မြေ ကိုယ့်ရေကို လူတိုင်းချစ်ကြတယ်။ ကိုယ့်လူမျိုးမှ အကောင်းဆုံးလို့ လူတော်တော်များထင်ကြတာကို လက်ခံပါတယ်။ ဒါပေမဲ့ စင်္ကာပူလိုနိုင်ငံက နိုင်ငံခြားသားအလုပ်သမားအထောက်အပံ့မရှိရင်မဖြစ်ဘူးဆိုတာ သူတို့သိသင့်တယ်ထင်တာပဲ....

သို့ပေသိ စလုံးအားလုံး မကောင်းဘူးလို့ ၀ါးလုံးသိမ်း မပြောချင်ပါ... တစ်ချို့ကောင်းတဲ့လူတွေလည်း အရမ်းကောင်းပါတယ်။ ဥပမာ ကျွန်မ အရင်နေခဲ့တဲ့ အိမ်ဘေးက အိမ်နီးနားချင်းဆိုရင် မြန်မာပြည်ကို အလုပ်ကိတ်စရှိလို့သွားမှာကို ကျွန်မဆီက လူကြူံပစည်းတပြုံတမ ကြီးကို တကုးတက သယ်ပေးဖူးပါတယ်။ သူတို့လဲ နှလုံးသားရှိတဲ့ ခံစားချက်ရှိတဲ့ လူသားတွေပဲလေ.

ကျွန်မ ယုံကြည်တာပြောရင် လူလူချင်း သဟဇာတမျှဖို့က အရေးကြီးဆုံးလိုပဲ့ ဆိုချင်ပါတယ်

Tuesday, June 14, 2011

php magic quote turn off

if ( in_array( strtolower( ini_get( 'magic_quotes_gpc' ) ), array( '1', 'on' ) ) )
{
    $_POST = array_map( 'stripslashes', $_POST );
    $_GET = array_map( 'stripslashes', $_GET );
    $_COOKIE = array_map( 'stripslashes', $_COOKIE );
}

http://stackoverflow.com/questions/517008/how-to-turn-off-magic-quotes-on-shared-hosting

Friday, April 01, 2011

Happy April Fool's Day!!!!!!!!!!!!!!!!!!!!!!

Monday, January 24, 2011

long time no see byar

Happy New Year everyone!

Wish you all had a happy prosperous year ahead.

It's been quite a while that I have failed to write even a single entry.

I am lacking continuity in most of the things not only in writing.

There are so many things to learn, so many things should be learned and so many things expected to be learned.

So we call this life.

Sometimes I find it our life is too many things to do.

I care about my life, my daughter, my wife, my parents, relatives and other poor people.

Sometimes I feel that I am not very good as a father. I am still selfish at sometimes as a father.

I hope that I can dedicate my time to my daughter more for her development rather than stupidly downloading
movies and playing with my phones.

You know that downloading and playing with the phone is so addicted.

You will know it when you own a phone that you can run 2/3 operating systems.

In this year, hopefully I can improve my poor English although I keep on downloading so many books and some learning videos from time to time but never try to try them :P

And got six pack ab in this year. I am serious, according to the exercise, it is not very difficult to lose belly fat.

It is true but the problem is diet. I need to eat 6 small meals a day which is almost impossible for me to do that.

So better work harder since I can't control over my diet very well.

Hope all above wishes come true. :D

Bye now.

Best.