Tuesday, May 12, 2009

ဘလောခ့်ဆိုတာ ကိုယ့် အတွက် ဖောက်ခွဲစရာနေရာများ ဖြစ်နေမလားလို့ တစ်ခါတလေ တွေးမိတယ်။
ကိုယ့် ဘလောခ့် ကိုယ်ကြည့်လိုက်ရင် စိတ်ညစ်စရာ ပိုစ်တွေ အများသားလားလို့။
ပြောမယ်ဆိုရင်လဲ ပြောချင်စရာပဲကိုး။မထူးတော့ပါဘူး။ပြောလက်စနဲ့ ထပ်ပြောလိုက်ဦးမယ်။ :P

အခုလောလောဆယ် ခေါင်းထဲရောက်နေတာက အခွန်ကိစ္စပဲ။
PR ဆို တစ်လကို $120 က နေ တပြားမှ မလျှော့ဘူးဆိုပဲ။(အဆိပ်ပင်ရေမလောင်းချင်ဘူးပဲပြောပါရစေ။ hard-earn money တွေပါ။)
citizen ပဲ ပြောင်းရင်ကောင်းမလား တောင်တွေးမြောက်တွေး တွေးကြည့်နေမိတယ်။
မြန်မာပြည်ကိုတော့ ချစ်ပါတယ်။ ဒါပေမယ့် ........... သမီးလေးရှေ့ရေး၊ မိသားစု ရှေ့ရေးက ရှိသေးတယ်။
ဒါပေမယ့် ဒီတိုင်းပြည်က အစစအရာရာ အဆင်ပြေသလိုရှိပေမယ့် ကိုယ်ချင်းစာတရား မေတ္တာတရား ခေါင်းပါးလွန်းသလားလို့။
သမီးလေးကိုတော့ မြန်မာအသိုင်းအ၀ိုင်းမှာပဲ ကြီးပြင်းစေချင်တယ်။ ဒါမှ မြန်မာဆိုတာ၊ မြန်မာ့ယဉ်ကျေးမှုဆိုတာ၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲဆိုတာ သိရမှာ။အနည်းဆုံးတော့ မြန်မာစကားကို ရေရေလည်လည် ပြောတတ်ရမယ်....

နောက်ထပ်ခေါင်းထဲ ၀င်လာတာတစ်ခုက မြန်မာတွေ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် အတော်များများ ကျွန်တော်အပါအ၀င်ပေါ့ ဘာသာခြားဆိုရင် အမြင်တစ်မျိုးနဲ့ ကြည့်ချင်ကြတယ်။
ကျွန်တော်တို့ ကိုးကွယ်တဲ့ မြတ်စွာဘုရားသခင်
က လူမျိုးရေး ဘာသာရေး ခွဲခြားဖို့ မဆုံးမထားပါဘူး။
လောဘ၊ဒေါသ၊မောဟ ကင်းဝေးအောင်၊ စိတ်ချမ်းသာအောင် ကျင့်ဖို့ပဲ နည်းလမ်းပေးခဲ့ တာ ဘာဖြစ်လို့များ လူမျိုးရေးခွဲ ခြားတဲ့အမြင်များ ရှိနေရပါလိမ့်။ကျွန်တော့် စိတ်ထဲက လူမျိုးရေး ဘာသာရေးခွဲခြားတဲ့အမြင် ဘယ်တော့များမှ ပျက်ပြယ်သွားမလဲလို့ တွေးမိရင်း...

မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာကြပါစေ။ လူမိုက်များဘေးမှ ကင်းဝေးပါစေ။