Friday, June 12, 2009

ပထမ သူငယ်ချင်းရဲ့ နောက်ထပ်ကဗျာတစ်ပုဒ်။ ခံစားပေးပါဦး။His pen name is KEY.

ငွေ

အလို.....ငွေတဲ့လား
ခင်ဗျားလည်းခိုက်တယ်
ကျွန်ုပ်လည်းခိုက်တယ်
တချို့ ပြိုလဲသွားကြ
တချို့ ပိုမြဲသွားကြ
မောင်နဲ့နှမ
လင်နဲ့မယား
အိုးစားတွေကွဲ၊ဓားတွေစွဲလို့ ။
မာနတွေပြိုကျ
အမှန်တရားကိုအမှောင်ချ
ဒီလိုနဲ့....
အူမပျော့လို့ 
သီလလျော့ ခဲ့တဲ့နေ့ စွဲများ။
လောဘ၊ဒေါသ၊မောဟ
သက်ပြင်းတွေဖရိုဖရဲချ
လူတန်းစေ့ နေဖို့ 
မုသားစုနေလို့ 
မလွယ်ပါဘူး
သူမပါလည်းမပြီးဘူး။
ဒီလိုနဲ့........
ဒီလိုနဲ့............
...............
လူမိုက်နဲ့ငွေ
အခုကျတော့လဲ
အမျက်တော်ပြေ။ ။

KEY