Tuesday, December 15, 2009

test read more

Click read more to read more

php cookie array

Php programming ကို လုပ်လာတာ ၂ နှစ်ပြည့်တော့မယ်။ cookie ကို တစ်ခါမှ မသုံးဖူးသေးဘူး။

များသောအားဖြင့် session ဒါမှမဟုတ် database ထဲမှာ သိမ်းတာများတယ်။

ဒီတစ်ခါ လုပ်တဲ့ အပိုင်းကျမှ သူဌေးက cookie သုံးပေးပါတဲ့။

session နဲ့က ရေးပြီးသားဖြစ်နေပြီ။ ဒါပေမယ့် ဟုတ်ကဲ့ပေါ့။ စိတ်ထဲကတော့ %$&&^*^@!&*&^


php generate csv on the fly

Useful, quick and easy method to generate CSV file on the fly with PHP


credit to : http://www.zedwood.com/article/130/generate-csv-spreadsheet-with-php


    $filename = date("Ymd")."_your_file_name.csv";
    header("Content-type: application/csv");
    header("Content-Disposition: attachment; filename=$filename");


    $field_arr = array('productid','userid','quantity','cost','description');
    foreach($field_arr as $val)
        rtrim_csv_out($val);
    echo "\n";


    for($i=0; $i<10; $i++)
    {
        rtrim_csv_out( rand( 0,1000) );
        rtrim_csv_out( rand( 0, 100) );
        rtrim_csv_out( rand(50, 150) );
        rtrim_csv_out( sprintf("%1.2f", rand(0,23)/100 ) );
        rtrim_csv_out( "description test $i" );
        echo "\n";
    }


    function rtrim_csv_out($str)
    {
        echo '"'.rtrim(str_replace('"','""',$str)).'",';
    }




best,

PS. ဘာမှ မဟုတ်ဖူး။ မေ့သွားမှာ စိုးလို့။

Wednesday, December 02, 2009

Tips for Working Hard ...


Tips for ’Working Hard’ from George Costanza ... Words to live by. 

1. Never walk down the hall without a document in your hands. 

People with documents in their hands look like hardworking employees heading for important meetings. People with nothing in their hands look like they’re heading for the cafeteria. People with a newspaper in their hands look like they’re heading for the toilet. Above all, make sure you carry loads of stuff home with you at night, thus generating the false impression that you work longer hours than you do. 

2. Use computers to look busy. 

Any time you use a computer, it looks like "work" to the casual observer. You can send and receive personal e-mail, calculate your finances and generally have a blast without doing anything remotely related to work.
These aren’t exactly the societal benefits that the proponents of the computer revolution would like to talk about but they’re not bad either. When you get caught by your boss - and you will get caught - your best defense is to claim you’re teaching yourself to use new software, thus saving valuable training dollars.

3. Messy desk. 

Top management can get away with a clean desk. For the rest of us, it looks like you’re not working hard enough. Build huge piles of documents around your workspace.
To the observer, last year’s work looks the same as today’s work; it’s volume that counts. Pile them high and wide. 

If you know somebody is coming to your cubicle, bury the document you’ll need halfway down in an existing stack and rummage for it when he/she arrives. 

It is not enough to pile lots of documents on the table. Put lots of books on the floor etc. Can always borrow from library. Thick computer manuals are the best.

4. Voice Mail. 

Never answer your phone if you have voice mail. People don’t call you just because they want to give you something for nothing - they call because they want YOU to do work for THEM. That’s no way to live. Screen all your calls through voice mail. If somebody leaves a voice mail message for you and it sounds like impending work, respond during lunch hour when you know they’re not there - it looks like you’re hardworking and conscientious even though you’re being a devious weasel. 

If you diligently employ the method of screening incoming calls and then returning calls when nobody is there, this will greatly increase the odds that the caller will give up or look for a solution that doesn’t involve you. The sweetest voice mail message you can ever hear is: "Ignore my last message. I took care of it". If your voice mailbox has a limit on the number of messages it can hold, make sure you reach that limit frequently. One way to do that is to never erase any incoming messages. If that takes too long, send yourself a few messages. Your callers will hear a recorded message that says, "Sorry, this mailbox is full" - a sure sign that you are a hardworking employee in high demand. 

5. Looking Impatient and Annoyed. 

According to George Costanza, one should also always try to look impatient and annoyed to give your bosses the impression that you are always busy. 

6. Appear to Work Late. 

Always leave the office late, especially when the boss is still around. You could read magazines and storybooks that you always wanted to read but have no time until late before leaving. Make sure you walk past the boss’ room on your way out. Send important e-mails at unearthly hours (e.g., 9:35pm, 7:05am, etc...) and during public holidays. 

7. Creative Sighing for Effect. 

Sigh loudly when there are many people around, giving the impression that you are very hard pressed. 

8. Build Vocabulary. 

Read up on some computer magazines and pick out all the jargon and new products. Use it freely when in conversation with bosses. Remember: They don’t have to understand what you say, but you sure sound impressive.



cool huh?

Wednesday, November 25, 2009

banner လေး update လုပ်ထားတယ်

ကိုမျိုးနဲ့ ဇတ်သည် ကြီးကို ကျေးဇူးတင်ပါတယ်။ :D



Tuesday, November 17, 2009

မလေးရှားကမ်းခြေသို့ အလည်တစ်ခေါက် ၁

အရင်လက တစ်ပတ်လုံး ခွင့်ယူပြီး ခရီးတိုလေး ထွက်ဖြစ်ခဲ့တယ်။

ပုံမှန်ဆိုရင် ခရီးထွက်ဖို့ အစီအစဉ် ဆွဲပြီးမှ ခွင့်ယူကြတာ အခုဟာက ခွင့်တွေများနေပြီဆိုပြီး ခွင့်ယူလိုက်ပြီးကာမှ ခရီးသွားဖို့ စီစဉ်ရတာ။
 

ပထမဦးဆုံး စဉ်းစားမိတာက မလေးရှားက genting.
နီးနီးနားနားနဲ့ အပန်းဖြေလို့ ရနိုင်မယ့်နေရာလေး။ ဒါပေမယ့် သွားဖူးတဲ့ ညီအငယ်ကောင်က ပျင်းစရာကြီးတဲ့။
  ဟိုမှာ ကစားကွင်းပဲရှိတာဆိုတော့ ပိုက်ဆံပေါရင်တော့ သွားကစားပေါ့လေ။ ကိုကလဲ ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ယုံဆိုတော့ အင်း
ဘယ်သွားရပါ့မလဲပေါ့။ ပိုက်ဆံလဲသိပ်မကုန် တစ်မိသားစုလုံးကို ခေါ်သွားနိုင်မယ့် နေရာကို စဉ်းစားကြည့်တော့ ကမ်းခြေကိုသွားတွေ့တယ်။
ဖြစ်နိုင်တာက မလေးရှားက ကမ်းခြေတစ်ခုခုပေါ့။
 

ဒါနဲ့ တနင်္လာနေ့ မှာ မလေးရှား ဗီဇာသွားလျှောက်။ ဟိုကပြောလိုက်တယ် နောက်တစ်ပတ် တနင်္လာနေ့မှ ရမယ်တဲ့။
ဒီကြားထဲ တိုးကုမ္ပဏီတွေရဲ့ ၀က်ဆိုက်တွေ လိုက်ကြည့်ရတာလဲအမောပေါ့။
နောက်ဆုံး အလုပ်အတူတူလုပ်တဲ့ သူငယ်ချင်းတစ်ယောက်က သွားမေးလိုက်တဲ့။
သူတို့မှာ tour package တွေ ရှိတတ်တယ်တဲ့။
ဒါနဲ့ golden mile က five stars tour ကို ခြေ ဆန့်တော်မူရတာပဲ။
တော်တော် ရှာယူလိုက်ရတယ် တစ်ခါမှ မရောက်ဖူးလို့။ ကိုယ့်ဖာသာ street directory ကနေကြည့်သွားတာတော့ အဟုတ်ပဲ။ ဟဲဟဲ

ဟိုရောက်တော့ ဘာရမလဲ အားကြိုးမာန်တက်နဲ့ lankawi package မရှိဘူးလားပေါ့။
အဲဒီက ၀န်ထမ်းက သေသေချာချာ ရှာပေးပါတယ်။ လေယဉ်နဲ့သွားရမယ် .ဘယ်မှာတည်းရမယ် ဘာအစီအစဉ်တွေပါတယ် နဲ့ တွက်ချက်ပေးရင်းလိုက်တာ ဟီး
မိသားစု ၃ ယောက် ကို ၈၀၀ ကျော်ကျတယ်။ အောင်မငှီး ...အဲဒီလောက်အထိ ကုန်ဖို့မှ မမှန်းထားတာ။

ဒါနဲ့ တစ်ထစ်လျှော့ပြီးတော့ မလေးရှားက ဈေးသက်သာတဲ့ ကမ်းခြေလေးမရှိဘူးလားဆိုတော့ Tionman Island က ကမ်းခြေတစ်ခုကိုပြောပြတယ်။
ဈေးတွက်ကြည့်လိုက်တော့ တစ်ယောက်ကို ၂၀၈ ကျပ် ကျမယ်။ ဘတ်စ်ကား + ဟိုတယ် +  မနက်စာ (breakfast) ပါ အပါဆိုတော့ မဆိုးဘူးပေါ့။
ဒါနဲ့ မိန်းမကို ဖုန်းဆက်ပြီး လှမ်းမေးတော့ ဒီထက်သက်သာရင် ကောင်းမှာပဲဆိုတာနဲ့ ဖောလိုက်တာပေါ့လေ။ ငါတို့ Online က ကြည့်တုန်းက ၁၃၉ ကျပ်တန်တွေ့ လိုက်တယ်ဘာညာနဲ့ ပြောတော့
အဲဒီကျွန်းမှာပဲ တစ်ခြား ကမ်းခြေတစ်ခု ကို ၁၃၉ ကျပ်နဲ့ ပြတယ်။

၁၃၉ ကျပ်ဆိုတော့ တော်တော် မဆိုးဘူး ဆိုပြီး လက်မှတ် ၂ စောင်ကို ၀ယ်လိုက်ပါတယ်။ သမီးလေးက ငယ်သေးတော့ (၂ နှစ်အောက်ဆိုတော့) ပိုက်ဆံ မပေးရဘူး။


ဗီဇာက အင်္ဂါနေ့မှ ရမယ်ဆိုတာနဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း (၆၊၃၀) ကား လက်မှတ်ပဲယူလိုက်တယ်။(တကယ်တော့ ဗီဇာက တနင်္လာနေ့ ညနေမှာရပါတယ်)
 

အရင်က မနက်တစ်ခေါက် ညတစ်ခေါက် ထွက်ပေမယ့် မုန်သုန်ရာသီကြောင့် ခရီးသွားတဲ့သူတွေ နဲ့လို့ တစ်ကြောင်းထဲ ထွက်တာလို့ ဆိုပါတယ်။

ဒါနဲ့ပဲ သွားမယ့်မနက်မှာ အစေားကြီးထ ပြင်ဆင် တက္ကဆီ ဆီးပြီး ခရီးသွား ကုမ်ပဏီ မှာ ၄၅ မိနစ် လောက် စောင့်ပြီးသည့် သကာလမှာ mini van လေး ပေါ်ကိုရောက်ပါတယ်။


အဖြူကောင် ၇ ယောက်၊ ဂျပန်မတစ်ယောက်နဲ့ ကျွန်တော်တို့ မိသားစု ၃ ယောက် အားလုံးပေါင်း ၁၄ ယောက် ကားဆရာပါပါမယ်ဆိုရင်ပေါ့။


အစကတည်းက လူနည်းရင် mini van နဲ့ သွားရနိုင်တယ်လို့ လက်မှတ်ရောင်းလိုက်တဲ့ ကောင်မလေးပြောပြထားလို့ ဘာမှမဖြစ်တာ့ဘူး။ mini van က သေးပေမယ့် မလူးဘူး။ ကားမူးမှာကြောက်တဲ့သူတွေအတွက် ကောင်းတယ်။


စလုံး လူဝင်မှုကြီးကြပ်ရေး ဖြတ်တော့ ဘာမှမဖြစ်ဖူး။ ဖြစ်တာက ဘယ်ဂျီယန်သား ၃ ယောက်ထဲက တစ်ယောက် က white card ပျောက်နေလို့ဆိုပြီး ကြာနေသေးလို့ သူ့ကိုစောင့်နေရသေးတယ်။


မကြာပါဘူး။ မလေးရှား လူဝင်မှုကြီးကြပ်ရေး ကိုရောက်ပါရော။ စလုံး ကိုဖြတ်တော့ အထွက်မို့လို့ ပစ္စည်းတွေ ကားပေါ်မှာထားခဲ့လို့ရတယ်။ မလေးကျတော့ မရတော့ဘူး။ ၃ယောက်စာ ဖောင်ဖြည့်ရတာနဲ့တင်တော်တော်ကြာသွားတယ်။ဒါပေမယ့် ချောချောမောမောပါပဲ။

ပြသနာက  ပစ္စည်းတွေကို စက်ထဲထည့်ပါဆိုလို့ စက်ထဲထည့်လိုက်တော့ ဟဲဟဲ
အိပ်ကိုဖွင့်ပြပါတဲ့။ ဒါနဲ့ ဖွင့်ပြလိုက်တော့ NTUC fair price က၀ယ်လာတဲ့ ၀ိုင်ပုလင်းကြီး ထွက်လာပါလေရော။



အဲဒီမှာ ကျေးဇူးရှင်က Liquor ဆိုရင် အခွန်ဆောင်ရတယ်တဲ့။ ဟာ အဲဒီတော့မှ ဟုတ်သားပဲ။ ငါတို့ သတိမထားမိလိုက်ဖူး။ ဘယ်ကလာတာလဲမေးတော့ ငါတို့ စလုံးမှာနေတဲ့ မြန်မာတွေ။ပထမဦးဆုံးအကြိမ် မလေးရှား ကမ်းခြေကို အလည်အပတ် ထွက်လာတာ။

စလုံးမှာ ဘာနဲ့နေလဲမေးတော့ စလုံး ပီအာ လို့ လဲပြောလိုက်ရော လေသံပြောင်းသွားတယ်။ ပီအာ တန်ခိုး တယ်ကြီးသကိုးလို့။ အဲတော့ နိုင်ငံကူးလက်မှတ်လေးဘာလေး ကြည့်ပြီးတော့  ၀ိုင်ပုလင်းကို ဘယ်လောက်ပေးခဲ့ရလဲတဲ့။ ၁၉ ကျပ်လို့။ အခွန်ဆောင်ရမယ်တဲ့ စလုံး ၁၀ ဒါမှမဟုတ် မလေး ၂၀။ ဟဲဟဲ မလေး၂၀ ပဲပေးလိုက်ပြီး အခွန်ဆောင်လိုက်တာ ကိစ္စပြတ်ရော။ 

အဲဒီနောက်တော့ မိန်းမက အခွန်သွားဆောင် ကျွန်တော်က သမီးတစ်ဖက်နဲ့ ဖွင့်ထားတဲ့အိပ်ကိုပြန်ပိတ်။ နောက်တော့ ပြန်ပါလာတဲ့ ပုလင်းလေး အိပ်ထဲပြန်ထဲ့ပြီး မြန်မြန်ပဲအောင်ကို ဆင်းလာလိုက်တာ အောက်မှာ ကား ဆရာလေးက တစ်မျှော်မျှော် ဖြစ်နေပြီ။

သူတို့ကို တောင်းပန်ပြီး ကားပေါ်တက် ကားကလဲ ၀ူးကနဲ မောင်းထွက်ပြီးတော့ လစ်တော့တာပဲ။
ကိုယ်ဖာသာကိုယ်တောင် တွေးမိသေးတယ်။ စထဲက ယဉ်သကို ဆိုသလိုပဲလို့။ ဒါပေမယ့် ရင်းစ်၂၀ နဲ့ ပြီးသွားတာာပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ။

ကားက လမ်းမှာတစ်ခေါက်လောက်ရပ်တာ(ပေါက်တော) က လွဲလို့ တောက်လျှောက်မောင်းလိုက်တာ ပျင်းစရာတောင်ကောင်းတယ်။ သမီးလေးကလဲ လိမ္မာရှာပါတယ်။ အိပ်လိုက် နိုးလာလိုက် မုန့်ကျွေးလိုက် ရေတိုက်လိုက် ပြန်အိပ်လိုက်နဲ့ ကားပေါ်မှ အေးအေးဆေးဆေးပဲလိုက်လာတယ်။


နောက်ဆုံးတော့ ကုတို့သင်္ဘောစီးရမယ့် မာဆင်းကိုရောက်ပါတော့တယ်။ အကုန်လုံး အထုပ်တွေဆွဲ ဆင်းဖို့ပြင် တစ်ချို့က ကမ်းခြေသွားဖို့ မဟုတ်ဖူး။ မာဆင်းအထိပဲလိုက်တာ။ ပထမတော့ ဒီကနေပဲ သင်္ဘောစီးရမယ်မှတ်တာ ကားကနောက်ကျနေလို့ သင်္ဘောက ထွက်သွားပြီတဲ့။ ဂွပဲနော်။ 

ဒါနဲ့ တခြား သင်္ဘောဆိပ်တစ်ခုကနေ သင်္ဘောထပ်စီစဉ်ပေးလို့ အဲဒီဆိပ်ကမ်းကို ကားနဲ့ နာရီဝက်လောက် ထပ်မောင်းလိုက်ရတယ်။ ဒဲဒီနောက်တော့ ကားပေါ်ကဆင်း ၀ယ်ပေးတဲ့ လက်မှက်လေးကိုင် ဖြည့်စရာရှိတာဖြည့်ပြီးတော့ ကျွန်းဝင်ခွင့် တစ်ယောက် ၅ ကျပ် စီ ပေးပြီး ကုတို့ သင်္ဘော ပေါ်ရောက်ပါတော့တယ်။ ကျွန်းဝင်ခတောင်းတဲ့ ချာတိတ်က အရေးထဲ ကိုယ့်ကို မလေးထင်နေသေးတယ်။ ကတုံးနဲ့ မုတ်ဆိတ်နဲ့ မို့လို့ များလားပဲ။ :p


သင်္ဘောပေါ်ရောက်တော့ အပေါ်ထပ်ကိုခဏတက်ကြည့် ဓတ်ပုံလေးဘာလေးရိုက် ပြန်ဆင်းလာ ။အောက်မှာ ဖွင့်ထားတဲ့ aircon က တော်တော့်ကို အေးတယ်။ သမီးလေးကို အနွေးထည် ထပ်ဝတ်ပေးပြီး သီချင်းလေးငြီးပြီး သိပ်လိုက်တာ လက်ပေါ်မှာ အိပ်သွားရော။ နောက်တော့ သူ့အမေက လွတ်နေတဲ့ နောက်တန်းမှ ခြေဆန့်လက်ဆန့်နဲ့ သွားလှဲလိုက်တာ အိပ်ပျော်သွားပါလေရော။ အမှတ်တရတော့ ဓတ်ပုံရိုက် ထားလိုက်သေးတယ်။


အတော်ကြာကြာသင်္ဘောစီးပြီးတော့ ၁ နာရီ ၂နာရီလောက်တောင် ကြာမလားပဲ ပထမဆုံး ကျွန်းကိုမြင်နေရပြီဆိုတော့ လူတွေ အိပ်နေရာကထလာ နိုးလာနဲ့ ဟိုကြည့်ဒီကြည့် လုပ်ကြတယ်။ ဟုတ်တယ် ကျွန်းက ကျွန်းညိုကြီးပဲ။ တောင်တွေလဲရှိတယ်။ ဦးရှင်ကြီး အမျိုးတွေပါ ရှိကောင်းရှိနိုင်တယ်။ ရေငံပိုင်တစ်ရိုး စံပိုင်စိုးပါတဲ့ လို့ စာချိုးထားတယ်မဟုတ်လား။


ဒါနဲ့ပဲ ပထမ ဆိပ်ကမ်းလေးကိုကပ်။ တက်သူတက် ဆင်းသူဆင်းပေါ့။ နောက်ကမ်းခြေတစ်ခုကို ဆက်ထွက်လာခဲ့တယ်။

သင်္ဘောပေါ်ကဆင်းတော့  နေကျဲကျဲတောက် ပူနေတဲ့ ကမ်းခြေက စိမ်းစိမ်းကားကားပဲ ကြိုဆိုနေတဲ့။ ဟိုတယ်က လာကြိုမယ့်သူ တစ်ယောက်မှ မရှိဘူး။ ဒီလိုနဲ့ နေပူကျဲတောက်နေတဲ့ လမ်းကိုလျှောက် တွေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို paya beach resort ဘယ်မှာလဲလို့ မေးရတယ်။ 

အဲဒီတော့မှ နောက်က၀င်လာတဲ့ မလေး အသက်ကြီးကြီး ဦးလေးတစ်ယောက်နောက် ကို ညွှန်တယ်။ သူနဲ့ လိုက်သွားလိုက်တဲ့။ အဲဒီလူကြီးက အထုပ်တစ်ထုပ် ကူဆွဲပေးရင်း resort ကို ခေါ်သွားပေးတယ်။ လူတွေက နားချင်နေပြီ။ ဗိုက်ဆာနေပြီ။


ကံကောင်းချင်တော့ ကမ်းခြေ မျက်နှာစာတန်းက အခန်းတစ်ခန်းပေးလိုက်တယ်။ ဆောက်ထားတဲ့ပုံက အိမ်တစ်လုံးဆိုရင် အခန်း ၂ ခန်းပါတာပေါ့။ အခန်းက မဆိုးပါဘူး။


ပစ္စည်းတွေချ အမြန် အ၀တ်အစားလဲပြီး resort က စားသောက်ဆိုင်မှာပဲ စားလိုက်တယ်။ ထမင်းမှာတယ်။ တုန်ယမ်း ဟင်းချို၊ ပြည်ကြီးငါးကျော်၊ နဲ့ ပင်လယ်စာ အရွက်တစ်ပွဲကျော် မှာပြီး မိသားစု သုံးယောက်စားလိုက်တာ စကားပြောချိန်မရဘူး။ သမီးလေးကလဲ စားပါ့။သူလဲ ဗိုက်ဆာနေမှာပေါ့။


စားသောက်ပြီးတော့ အခန်းကိုပြန် ဘန်ဂလိုရှေ့ က ကမ်းခြေ အလှကို ရှုစားလိုက်တာ ကျောက်ဆောင်တွေကြီး သွားတွေ့တယ်။ ငါတို့တော့ ဈေးပေါတဲ့ ကမ်းခြေ ရွေးမိတာမှားပြီပေါ့။ စိတ်တော့ မပိန်ပါဘူး။ အနဲဆုံး စလုံးမှာတော့ မဟုတ်တော့ဘူး။ ဖုန်းက Roaming မဖွင့်ထားတော့ ရုံးကလဲ ဖုန်းဆက်လို့ မရဘူး။ မိုက်တယ်နော်။ 

ဒါနဲ့ အပြင်မှာ ခဏထိုင် အအေးလေးဘာလေးသောက်။ အငွေ့လေးဘာလေးရှုပြီး။ ပြီးတော့မှ အခန်းထဲဝင် သမီးလေးကို သိပ်ရင်းနဲ့ လူကြီးတွေပါ အိပ်ပျော်သွားကြရော။ စိတ်ထဲမှာ ဘာတာဝန်မှမရှိဘူး။ သိပ်မိုက်တယ်။ 

နိုးလာတော့ ညနေစောင်းနေပြီ။ သမီးလေးက အိပ်နေတုန်းပဲ။ခရီးပန်းတယ် ထင်တယ်။
၂ ယောက်သား အခန်းအပြင်ကိုထွက် ဟိုကြည့်ဒီကြည့်လုပ် ။ နောက်တော့ မိန်းမက ရေတော့ကူးရမှ ဖြစ်မယ်တဲ့ :D ဒါနဲ့ ဟိုဘက် ဘန်ဂလိုက အနောက်နိုင်ငံသူတစ်ယောက် က အပြင်ကနေ တဘက်ကြီးပတ်ပြီး ပြန်လာတာတွေ့တော့ မိန်းမက စပ်စုကြည့်ပါရော။ resort မှာ ရေကူးကန်ရှိတယ်တဲ့။ အဲဒီက ကူးပြီးပြန်လာတာတဲ့။ ဒီတော့မှ သမီးလေးကိုနှိုး ရေကူးဝတ်စုံလေးဝတ်ပေး။ ပြီးတော့ ရေကန်ဆီ ချီတက်ကြရော။ 

ရေကန်လေးက မဆိုးပါဘူး။ အဲဒီမှာ ရေစိမ်။ သတ္တိခဲ သမီးလေးက ရေထဲကို မလိုက်ရဲလို့ အတင်းခေါ်ရတယ်။ ရေထဲရောက်တော့လဲ အဖေကို တွယ်ထားလိုက် အမေကို တွယ်ထားလိုက်နဲ့ ပျော်လို့ အော်လိုက်တာ။သိပ်ကြာကြာမနေလိုက်ရပါဘူး။ သမီးလေးအေးလာမှာ စိုးတာနဲ့ သမီးနဲ့သူ့အမေက အရင်ပြန်နှင့်တယ်။ နောက်မှ လိုက်သွားတော့ ရေချိုးပေးနေတုန်း ပဲရှိသေးတယ်။ မြန်မြန်ဝင်ကူလိုက် ပြီးတော့ သမီးကိုရေသုပ်ပေး အိမ်င်္ကျီ ၀တ်ပေးနေတုန်း သမီးလေးအမေက ရေချိုးပေါ့။


အားလုံးရေမိုးချိုးပြီးတော့ ထမင်းစားဖို့ ထွက်ကြရော resort က စားသောက်ဆိုင်မှာတော့ မစားချင်တော့တာနဲ့ ရွာဖက်ကို လမ်းလျှောက် ပြီးတော့မှ တရုတ်ဆိုင်တစ်ဆိုင်မှာဝင်စားဖြစ်တယ်။ 


လက်ရာကတော့ မဆိုးပါဘူး။ ကြားရက်ဆိုတော့ လူတစ်ယောက်မှ မရှိဘူး။ ဆိုင်ပုံစံတွေက ကျိုက်ထီးရိုးတို့ ရွှေစက်တော်တို့က ဆိုင်တွေနဲ့တူတယ်။စားသောက်ပြီးလို့ အခန်းဘက်ကို ပြန်လျှောက်လာရင်း လမ်းမှာတွေ့တဲ့ ဒေသခံ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေလျှောက်ဝင်ကြည့်ကြတယ်။


သမီးကတော့ အောက်ကိုချပေးလိုက်တာနဲ့ လမ်းလျှောက်တော့တာပဲ။ အခန်းပြန်ရောက်တော့ ဒေါ်လာ ၃၀ တန် ပုလင်းလေးထုတ်၊ အခန်းထဲမှာရှိတဲ့ မောင်းတောင်ချိုင့်နဲ့ ဟိုတယ်က ရေခဲသွားတောင်း၊။

ပြီးတော့ ရေနည်းနည်းရောပြီး ပုလင်းကို စိမ်ထားလိုက်တယ်။ အတော်ကြာတော့မှ ဖွင့်ပြီး Cheers လုပ်ကြတာ။ အရသာတော်တော်လေးကောင်းတယ်။ (၀ိုင်က အေးစက်နေမှ သောက်လို့ကောင်းတာ :P)


အာလူးကျော် ၀ယ်လာလို့ အာလူးကျော်စားလိုက်၊ သောက်လိုက်၊ အောက်ဆင်းပြီး အငွေ့ရှုလိုက်နဲ့ ဘ၀က တော်တော့ကို သာသာယာယာရှိတာ။(အာကျယ် မင်းစကားလုံး ငါငှားသုံးလိုက်တယ်။) သမီးလေးကလဲ သူ့အမေဖိနပ်ကို စီးလိုက် အောက်ဆင်းလိုက် အပေါ်တက်လိုက် အာလူးကျော်လာစားလိုက် နဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဘန်ဂလိုရှေ့က လမ်းမပေါ်မှာလဲ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ အရမ်းပျော်နေပုံရတယ်။ 

စလုံးမှာ လို သောက်စည်းကမ်းမရှိတဲ့ စက်ဘီးသမားတွေ၊ဆိုင်ကယ်သမားတွေရဲ့ အန္တရာယ်မရှိဘူး။

လွှတ်ပေးထားလိုက်ရုံပဲ။ ဘာမှသွားပြီး ချုပ်ချယ်စရာမလိုဘူး။

ညဘက်ရေပြန်တက်လာလို့ ကမ်းခြေကို လှိုင်းပုတ်တဲ့ အသံလေးက တော်တော့်ကို နာဝင်ချိုတာ။

ဘေးခန်းမှာ နေတာက မလေးရှားတရုတ် လင်မယား။ ညဘက်ကို စားစရာ သောက်စရာတွေနဲ့ ငါးမြားတန်တွေနဲ့ ငါးမြားဖို့ ထွက်သွားရော။


သူတို့ကို ကြည့်ရတာလဲ အေးရာအေးကြောင်းပဲ။


ညည့်နက်လာတော့ ၀င်အိပ်ကြရော။ သမီးက ညဘက်ကို ထညပီး ငိုနေသေးလို့ ဘေးခန်းက လင်မယားကို အားနာနေရသေးတယ်။ သမီးရဲ့ အာပြဲပုံကို ရင်နှီးတဲ့သူတွေ သိပါတယ်။


နောက်နေ့ မနက် အစောကြီး နိုးလာတယ်။ မနက်ခင်းဟာ တော်တော့ကို သာသာယာယာရှိတယ်။


အပိုင်း ( ၂ )မှာ ကျန်တာ ဆက်ရေးတော့မယ်။ ဖတ်ရတဲ့သူတွေလဲ မျက်စေ့ညောင်းရောပေါ့။


Monday, November 16, 2009

noise pollution

ကြက်ဥကို ဖောက်ပြီး  မီးဖိုဒယ်အိုးထဲက ဆီကျက်ကျက်ထဲကိုထည့်လိုက်သည်။ ရှဲကနဲ မြည်သံနှင့်အတူ တဖြည်းဖြည်းကျက်လာသော ကြက်ဥကြော်ကို ဆားနှင့် ငြုပ်ကောင်းမှုန့်ဖြူးကာ စားပွဲပေါ်တင်လိုက်ယင်း ညကအိမ်မက်ကို စဉ်းစားမိကာ ရွှေယုမနေနိုင်ပဲ ပြုံးမိသည်။ သမီးငယ်ကို အခန်းထဲမှ ချီထွက်လာသော ခင်ပွန်းသည်က ရောယောင်လိုက်ပြုံးရင်း “ဘာဖြစ်လို့လဲ“ဟု မေးသည်။ ခင်ပွန်းသည်ကို ချစ်စနိုးမျက်စောင်းထိုးရင်း “ဘာသိလို့ပြုံးတာလဲ“ဟု မေးမိပြန်သည်။

နံနက်လဘက်ရည်သောက်ရင်း ညက အိမ်မက်ကို ပြောမိတော့ ခင်ပွန်းသည်က ဟက်ဟက်ပက်ပက်ရယ်တော့သည်။ ရွှေယုအိမ်မက်ကလည်း ရယ်ချင်စရာ... ရွှေယုစင်္ကာပူရောက်ကတည်းက သူတို့နေပုံထိုင်ပုံအဆင့်အတန်း ကိုယ့်နိုင်ငံထက်သာတာကို အားကျမိသည်။ လူတွေ စည်းကမ်းရှိတာမရှိတာ အပထား.. အဓိက မီးမှန်မှန်လာခြင်း၊သယ်ယူပို့ဆောင်ရေးကောင်းခြင်း၊ လူတွေကိုစည်းကမ်းရှိအောင်ထိန်းသိမ်းပေးခြင်းက အစပေါ့။ သို့ပေမဲ့ ကိစတစ်ခုကိုတော့ တော်တော်စိတ်ပျက်မိသည်။ အသံဆူညံမှု... ဆူညံသံများစွာထဲက ဆိုင်ကယ်သံက မုန်းစရာအကောင်းဆုံးဖြစ်သည်။

ညကအိမ်မက်က အသံဆူညံမှုကို အကြောင်းခံသည်။ ညဘက်ညဘက် တော်တော်နှင့်အိပ်မပျော်နိုင်သည့်.. အလွန်တရာ အဆော့သန်သည့် သမီးလေးကို အောင်မြင်စွာ သိပ်ပြီးသကာလ ရွှေယုခေါင်းချမည်ကြံခိုက် ယင်းဆိုင်ကယ်သံသည် ကြောက်မက်ဖွယ်ရာမြည်ဟည်းထွက်ပေါ်လာသည်တဲ့. ယင်းအသံကြောင့်ပင် သမီးကလေးက လန့်နိုးလာကာ သနားစဖွယ်ငိုယိုခဲ့သည်တဲ့... သမီးချစ်သည့်စိတ် ယခင်အပျိုဘ၀တုန်းက အရာရာကိုဆတ်ဆတ်ထိမခံချင်သည့်စိတ်တွေပြန်ပေါ်လာကာ ရွှေယုမီးဖိုထဲမှ သားလှီးဓားဆွဲကာ ရွှေယုတို့နေထိုင်ရာ ၁၀ထပ်မှ   ဆိုင်ကယ်သံထွက်ပေါ်လာရာ အောက်ဆုံးထပ်သို့ ဓာတ်လှေကားမစီး ဘာမစီးနှင့် ရောက်သွားသတဲ့  ဆိုင်ကယ်သမား မည်းမည်း (အဆင့်အတန်းမရှိသော မလေးလူမျိုးရုပ်နှင့်) ကို တရုပ်သိုင်းကားထဲကမင်းသမီးပမာ လျှက်တပြက် ခုတ်ပိုင်းချလိုက်သတဲ့.. သကောင့်သားလဲ ဘာမှ မခုခံနိုင်ပဲ မျက်လုံးပြူးထွက်ကာ သေဆုံးသွားသည်တဲ့. ကဲ ဘယ်လောက်ကောင်းတဲ့ အိမ်မက်လဲလို့..

ကဲ အိမ်မက်မက်လောက်အောင် ဘယ်လောက်ဆိုးရွားသလဲဆိုတာ ရွှေယုရှင်းပြချင်ပါသည်။ စင်္ကာပူ ရောက်ခါစတုန်းက အရာရာကို အထင်ကြီးစိတ်နှင့် မြင်မိသည်ထင့်။ အလွန်တရာဆိုးရွားလှသော ဆိုင်ကယ်သံကိုပင် လျစ်လှူရှုမိသည်။ အဲ ... နောက်ပိုင်း အလုပ်ခွင်ဝင်သည့်ရက်ပိုင်းတွေမှာ စတင်သတိပြုမိလာခြင်းဖြစ်သည်။ နံနက်ဝေလီဝေလင်း အိပ်ကောင်းတုန်းအချိန်တွင် အောက်ဆုံးထပ်မှ ဆိုင်ကယ်တဖုတ်ဖုတ်နှင့် နှိုးသည့်အသံစကြားရသည်။ တစ်မိနစ်.. နှစ်မိနစ်မဟုတ် အနည်းဆုံးငါးမိနစ်ခန့်ကြာသည်။ ဘယ်လောက်ပဲ အိပ်ကောင်းကောင်း ယင်းအသံကြားလျှင်လန့်နိုးစမြဲပင်။ဒါက သမီးလေးမမွေးခင်က..

သမီးလေးမွေးပြီးတော့လည်း သမီးလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဆိုလျှင် ဆိုင်ကယ်စက်နှိုးသံ၊ တဂီးဂီးနှင့် ဆိုင်ကယ်ကိုအမြန်နှုန်းတင် မောင်းသွားသံကို ညအချိန် သက်ကြီးခေါင်းချချိန်ကအစ သန်းကောင်ယံ အချိန်တွင်လည်း ကြားရတတ်သည်။ ဆိုင်ကယ်မောင်းသူအများစုကို သေသေချာချာကြည့်မိတော့ အ၀တ်အစားကို ဂျစ်ပစီစတိုင်လ်ခပ်ကျပ်ကျပ်ဝတ်ထားသော လူမလေးခွေးမခန့်ပုံစံ မလေးလူမျိုးလူငယ်ပိုင်းတွေဖြစ်တာတွေ့ရသည်။ နောက်က မိန်းမငယ်များက ဆိုင်ကယ်မောင်းသမားကို သိုင်းဖက်ခွထိုင်ကာ ဆိုင်ကယ်ကို အသံမြည်အောင် အမြန်မောင်းရသည်ကို ဂုဏ်ယူနေသည့် ဟန်ကအပြည့်.. ရွှေယုနားလည်ထားသည်က စင်္ကာပူနိုင်ငံသည် အာရှတွင် အဖက်အဖက်ကအကောင်းဆုံးနိုင်ငံဖြစ်ချင်သည်နှင့်အညီ အသံဆူညံမှုကို ထိန်းချုပ်ထားသည့် ဥပဒေစည်းကမ်းတစ်ခုပြဌာန်းထားမည်ဆိုတာပဲဖြစ်သည်။

ဆိုင်ကယ်ဝယ်လာပြီးကာမှ အသံထွက်အောင်ပြန်လည်ပြုပြင်ထားရင်တော့လည်း မတတ်နိုင်ပါ။ ဆိုင်ကယ်သံတစ်ခုတည်းလာဆိုတော့လည်း မဟုတ်ပြန်.. နေ့လည်ဆိုရင် ကွိ. ကွိနှင့် ပူစီဖောင်းညှစ်သည့်အသံကြားရပြန်သည်. သတင်းစာလိုက်ဝယ်ခြင်းဖြစ်သည်တဲ့။ ယင်းပုဂိုလ်တွေကလည်း အားမနာလျှာမကျိုး ကွိ..ကွိ ညှစ်လိုက်.. ပါးစပ်ကလည်း“ကာရန်ကူနီ“လို့ အော်လိုက်နဲ့ တ၀ဲလည်လည် လုပ်နေသည်မှာ မိနစ်နှစ်ဆယ်ခန့် ...သည့်အပြင် ညဘက် သန်းကောင်ချိန်တွင် နောက် ကွိ..ကွိ ကြားရတတ်သည်။ ဒါက အောက်က ကားပါ့ကင်မှာရပ်ထားတဲ့ ကားကို အဝေးထိန်းခလုတ်နှင့်ဖွင့်ခြင်းပင်။

ပြီးတော့ရှိသေးသည်.. မလေးမင်္ဂလာဆောင်တွေ.. စင်္ကာပူတွင် မလေးလူမျိုးများမင်္ဂလာဆောင်လျှင် တော်တော်များများက ခန်းမငှားလေ့မရှိ. သတို့သမီး (သို့)သတို့သား နေထိုင်ရာ အဆောက်အဦ အောက်ဆုံး နေရာကွပ်လပ်လွတ်တွင် ကျင်းပလေ့ရှိကြသည်။ သောကြာနေညနေခင်း (သို့) စနေနေ့ညနေခင်းပိုင်း အောက်ဆင်းလိုက်ရင်း အခမ်းအနားပြင်ဆင်နေသည်ကို တွေ့လျှင်ဖြင့် နောက်တစ်နေ့တွင် တစ်နေကုန်အပြင်ထွက်ရန်အကြောင်းရှာလျှင်ရှာ (သို့မဟုတ်) နားကို ဂွမ်းဆို့ ထားရန်သာပြင်ဆင်ရမည်သာဖြစ်သည်။ မလေးလူမျိုးများသည် မြန်မာပြည်မှ အလှုများကဲ့သို့ပင် အတီးအမှုတ်အကအခုန်များနှင့် မင်္ဂလာဆောင်အခမ်းအနားကို ကျင်းပလေ့ရှိကြသည်။ မလေးသီချင်းများ ကီးချော်အသံမမှန်နှင့်လည်း ဆိုချင်ဆိုတတ်ကြသော ၄င်းတို့အသံများကို လော်စပီကာနှင့် ထုတ်လွှင့်လေ့ရှိကြသည်။ အဲ ... ထူးဆန်းတာတစ်ခုက ထိုနေရာမှာပင် တရုတ်လူမျိုးတွေကလည်း အသုဘအခမ်းအနားကျင်းပကြသည်ပင်။ ရောက်ခါစတုန်းက ဘယ်လိုနားလည်ပေးရမှန်းမသိခဲ့တာအမှန်ပင်။


အကောင်းနှင့်အဆိုး ဒွန်တွဲနေသည်မှာ ဓမ္မတာသဘောပင်။  အကောင်းဆုံးတွေချည်းပဲရှိသည်ဟုထင်ရသော စင်္ကာပူနိုင်ငံတွင်လည်း အသံဆူညံမှုကဲ့သို့ အဆိုးတွေအများကြီးပင်။ ထိုကဲ့သို့ ပြောရာတွင် ရွှေယုနေထိုင်ကြီးပြင်းရာ မြန်မာနိုင်ငံမှာရော အသံဆုညံမှုတွေမရှိလို့ပဲလားလို့ မေးချင်စရာ... တကယ်တမ်း ပြောရမည်ဆိုလျှင် ပြောစရာတွေအများကြီးပင်။ နွေအခါ နေ့ခင်းဘက် တရေးတမောလှဲမည်ကြံခိုက် ကိုက်နှစ်ရာခန့်ဝေးသော ဈေးရှေ့အလှုခံမဏ္ဍာပ်မှ လော်စပီကာအကျယ်ကြီးဖွင့်ကာ အလှုခံလိုက်သည်မှာ အပြင်တွင် ကတရာလမ်းအရည်ပျော်မတတ် ပူပြင်းလှသည့် နွေရာသီနှင့်အပြိုင်ပင်. တောရွာဘက်မှာတော့ အနှီကိစ္စက တစ်ဘာသာလို့ပင် ရွှေယုဆိုချင်သည်။ ရာသီအလိုက်စိုက်ပျိုးထားသော စပါးခင်း၊နှမ်းခင်းများပေါ်မှဖြတ်တိုက်လာသော လေညင်းကလေး ကို သစ်ကြီးဝါးကြီးကိုမှီခိုဆောက်လုပ်ထားသော တဲထဲမှ ၀ါးကြမ်းခင်းပေါ်လှဲအိပ်ရင်း အလှုမဏ္ဍာပ်မှ ပဲ့တင်လာသော တွံတေးသိန်းတန်သီချင်းကို နားထောင်ရတာကိုက အရသာတစ်မျိုးပင်.

ဆိုတော့ကာ ရွှေယုတို့ နေထိုင်ရာ ရန်ကုန်ရျွှေမြို့တော်မှာကော...ကုလားကြီးနဲ့ အရာကြီး ဆိုသလိုဖြစ်သည်။ရွှေယုတို့ ရန်ကုန်အိမ်၏ဘယ်ဘက်ဘေးအိမ်က အိမ်နီးချင်း ဦးလေးတို့က အထက်အညာကလာရောက် အခြေချခြင်းဖြစ်သည်။ အညာဓလေ့စရိုက်နှင့် အညီ စကားပြောလျှင် တစ်ယောက်နှင့် တစ်ယောက်ကပ်လျက်ထိုင်နေသော်လည်း လမ်းထိပ်မှ ကြားအောင်ပြောရမှ အားရတတ်သူများဖြစ်သည်။ ယင်း ဦးလေးတို့မိသားစုချည်း ရှိနေသည့် သာမန်အချိန်တွင် မသိသာသော်လည်း အထက်အညာက ၄င်းတို့၏ဆွေမျိုးညာတိများလာရောက်ခိုက်နှင့် ကြုံကြိုက်လျှင်တော့ နားကို ဂွမ်းနှင့်ဆို့ထားသည့်တိုင် ယင်းတို့အသံများ နားထဲသို့ ၀င်ရောက်လာမည်ပဲဖြစ်သည်။ညာဘက်ဘေးအိမ်ကလည်း တစ်မျိုး... ယင်းအိမ်တွင် အန်တီအပျိုကြီးတစ်ယောက်ထဲနေသည်။ အန်တီကြီးက စောစောစီးစီးအငြိမ်းစားယူကာ အိမ်တွင် ကျုရှင်အငှားတင်သည်။ ကျောင်းဆရာမများက နံနက်ကျောင်းမသွားခင် ကျုရှင်လာသင်ပြကြသည်။ နံနက်စောစော ဥာဏ်မြူးကွန့်ချိန်တွင် စာသင်ချင်သည်ထင့် နံနက် ၇နာရီ ၀န်းကျင်တွင် လာရောက်သင်ပြကြတော့သည်။ ယင်းကိစက ကျောင်းဖွင့်ရက်များတွင် သိပ်မသိသာ... ရွှေယုကတော့ နိုးစက်ပေးစရာမလိုပဲ နိုးရသည့်အတွက် ကျေးဇူးတောင်တင်သေးသည်။ ရွှေယုအခန်းက ညာဘက် အစွန်ဆုံးဖြစ်သည့်အတွက် ယင်းအသံများက နံရံကို ဖောက်ထွင်းဝင်ရောက်လာတတ်သည်။ ဆရာမက စာအံချသည့်အသံ၊ တပည့်များကို ငေါက်ငမ်းသည့်အသံများကို ရံဖန်ရံခါ ကြားရတတ်သည်။ သို့ပေမယ့် သီတင်းပတ်ကုန် ကျောင်းပိတ်ရက် ၊ ရုံးပိတ်ရက်များမှာတော့ အအိမ်မက်သော ရွှေယုအတွက် မဟာပြသနာပင်၊ ကျောင်းပိတ်ရက်ဖြစ်သည်ကြောင့်ထင့် ဆရာမသည် တစ်ခါတရံ တပည့်များကု ထားကာ နောက်ဖေးတွင် အိမ်ရှင်အန်တီကြီးနှင့် လေဖောနေတတ်သည်။ ယင်းအခိုက် အိမ်ရှေ့ခန်း ( ရွှေယုနှင့် ဘေးကပ်ရက်အခန်း) အတွင်းမှာတော့ တပည့်များက ဆူညံပွက်လောရိုက်နေတတ်သည်။ ယင်းအခါတိုင်း ရွှေယု စိတ်ထဲမှ ကျုံးဝါးမိသည်က “ဒါခဏပဲ စင်ကာပူရောက်ရင် ဒါတွေမရှိတော့ဘူး “ဟုပင်။ တကယ်တမ်းတော့မှာတော့ ....noise


yuki

Saturday, November 14, 2009

DSCF4673


DSCF4673
Originally uploaded by almightyad

my lovely daughter

company event, bollywood dance :D

company event, bollywood dance :D

Monday, October 12, 2009

just changed my theme again :D


Thursday, October 08, 2009

အနမ်းနဲ့ကျန်းမာရေးဆက်စပ်ပုံ့

အီးမေလ်း ထဲ ပို့လာလို့ ရှယ်လိုက်ပါတယ်။

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး
နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို
အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင်
အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ
ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု
ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ
ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို
ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့
Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး
ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ်
ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး
ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့
တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း
ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။
အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့
သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။
ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး
သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့
ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က
လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ
ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး
ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့
ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို
ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။
(၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့
အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင်
ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့
ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း
ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က
ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့
သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး
သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။
ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ
သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ
မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ
သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ
တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး
ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ
ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။
ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက
နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင်
စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင်
ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့
ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။
အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ
တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့
ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။
အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။
နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။

Monday, September 28, 2009

south think north think

အခုတလော ဘာဖြစ်နေမှန်းမသိဘူး။
သမီးလေးက ချူချာနေတယ်။ မိန်းမလဲ သိပ်နေမကောင်းချင်ဘူး။
ငါကတော့ ဒီနေ့ အအေးမိချင်သလို ဖြစ်နေတယ်။
ပြောရင်းနဲ့တောင် ကိုယ်ပူနေသလားပဲ။
ရုံးမှာ အိုက်တတ်တဲ့သူတွေက အဲယားကွန်းနဲ့ မလောက်လို့ ပန်ကာဖွင့်ကြတာ ပန်ကာက ငါ့ခေါင်းဘက်ကို တိုက်နေတော့ အအေးမိချင်သလိုပါဆိုနေမှ .....

ဟူး..

သြော် ဘ၀ ဘ၀..


ငယ်ငယ်တုန်းကလို ပျင်းပျင်းနဲ့ အိမ်ရှေ့ ခုံတန်းမှာ လှဲအိပ်ပြီး သိုင်းစာအုပ် ၁၀ အုပ်တွဲလောက်ဖတ်လိုက် ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။


ပုလွေသံစဉ် တို့ 
သရဖူငြင်းသောသိုင်းဧကရာဇ် တို့ 
ဧကရာဇ်သခင်နဲ့ သွေးယဇ်ပလင် တို့ 
ဟီးဟီး ပြောရင်းနဲ့တောင် ဖတ်ချင်လာပြီ။


ဒါမှမဟုတ် ဇတ်သည် ညီအစ်ကိုတွေ ငှားတဲ့ ဧကရာဇ် ရဲ့  ရောမခေတ် မြန်မာဇတ်လမ်းတွေ  ဖတ်ရင်တောင်မဆိုးဘူး။ 


ဒါမှမဟုတ် အမေ၀ယ်ပေးတဲ့ ဂစ်တာကိုဆွဲပြီး အိမ်ရှေ့ကိုထွက် အသံသေးအသံကြောင်နဲ့ ဟဲ လိုက်ရမလားပဲ။ သီချင်းတစ်ပုဒ် ပြီးသွားတိုင်း ကျေးဇူးတင်ပါတယ် ဆိုတဲ့ အမေ့ရဲ့ အားပေးစကားကိုလဲ ကြားမိပါရဲ့။






မသိချင်းတွေနဲ့ ရှုပ်နေခဲ့တာ...

Friday, September 25, 2009

Ridiculous US-Laws




Arkansas:
1. A man can legally beat his wife, but no more than once a month.

California:
1. In, LA, a man may legally beat his wife with a leather strap, as long as it is less than 2 inches wide, or she gives him permission to use a wider strap.

2. It is a misdemeanor to shoot any kind of game from a moving vehicle, unless the target is a whale.

Florida:
1. Unmarried women who parachute on Sunday’s will be jailed.

Georgia:
1. In Quitman, it is illegal for a chicken to cross the road.

Indiana:
1. Monkey’s are forbidden to smoke cigarettes in South Bend.

Illinois:
1. In Chicago, it is illegal to take a french poodle to the Opera.

2. According to state law, it is illegal to speak English. The officially recognized language is "American."

3. In Joliet, it is illegal to mispronounce the name Joliet HeyWoodey.

Massachusetts:
1. It is illegal to wear a goatee without a license.

2. North Andover prohibits its citizens from carrying "space guns."

3. In 1659, the state outlawed Christmas.

Minnesota:
1. It is illegal to tease skunks.

2. Every man in Brainerd is required by law to grow a beard.

Michigan:
1. A State law stipulates that a woman’s hair legally belongs to her husband.

2. Under State law, dentists are officially classified as "mechanics."

Nebraska:
1. If a child burps during a church service in Omaha, his or her parents may be arrested.

New York:
1. On Staten Island, it is illegal for a father to call his son a faggot or queer in an effort to curb girlie behavior.

2. In NYC, "it is disorderly conduct for one man to greet another on the street by placing the end of his thumb against the tip of his nose and wiggling the extended fingers of that hand."

North Carolina:
1. It is illegal to make love on the floor of a hotel room between two double beds.

Oklahoma:
1. People who make "ugly faces" at dogs may be fined and/or jailed.

Ohio:
1. In Columbus, it is illegal for stores to sell corn flakes on Sunday.

2. In Oxford, it is illegal for a woman to disrobe in front of a man’s picture.

3. In Youngstown, it is illegal to run out of gas.

Oregon:
1. The town of Hood River prohibits the act of juggling without a license.

Pennsylvania:
1. "Any motorist who sights a team of horses coming toward him must pull well off the road, cover his car with a blanket or canvas that blends with the countryside, and let the horses pass. If the horses appear skittish, the motorist must take his car apart piece by piece, and hide it under the nearest bushes."

Tennessee:
1. It is illegal to use a lasso to catch a fish.

2. In Dyersburg, it is illegal for a woman to call a man for a date.

3. In Memphis, it is illegal for a woman to drive by herself; "a man must walk or run in front of the vehicle, waving a red flag in order to warn approaching pedestrians and motorists."

Texas:
1. The entire Encyclopedia Britannica is banned because it contains a formula for making beer at home.

Utah:
1. A husband is responsible for every criminal act committed by his wife in his presence.

Virginia:
1. In Richmond, it is illegal to flip a coin in any eating establishment to determine who buys a cup of coffee.

Vermont:
1. It is illegal to deny the existence of God.

2. It is illegal to whistle underwater.

3. Women must obtain written permission from their husbands to wear false teeth.

from igoogle

Do you want to download the files from rapidshare without an account?

Hi all,


If you are like me always try to look for a tools to download the files which are uploaded to rapidshare without an account, we are in the same boat and you are at the right place.



I came across a downloader software from mysteryzillion and it works like a charm.

This software not only works with the rapidshare but also works with other file hosting sites.



Pls download it from http://www.mediafire.com/?zwmkmhyduuz


No need to install, just run the file will do.


I am happy with this awesome tiny software.


If you are happy with it, pls share it with whoever want it since it is free and you can also donate :D to the people who developed this.




Pls enjoy.


Best,
Aung Din