Tuesday, March 03, 2009

အငယ်ကောင်တော့ ဒီနေ့ မလေးရှားကို လစ်ပြီ။

အလုပ်က လူရှော့ တဲ့အထဲ ပါသွားတော့ အလုပ်ပြန်ရှာတာလဲမရ။ visit pass ကို သက်တန်းပြန်တိုးလို့ လဲမရ။ နောက်ဆုံးတော့ မလေးရှား ကိုလစ်ရပြီ။

ဒီမှာ ကျောင်းအပ်လို့ တော့ရတယ်။ ဒါပေမယ့် ပထမလကို ၈၀၀ ပေးရမယ်။ နောက်လတွေကို လစဉ် ၅၀၀ ပေးရမယ် ဆိုတော့ ယောက်ဖလုပ်သူက မလေးရှားကိုသွားပြီး ပြန်ဝင်လာတာ ပိုတန်တယ်လို့ ထင်တာနဲ့ပဲ KL ကို လစ်ရပြီ။

စိတ်ပူစရာတော့ မရှိလောက်ပါဘူး။ ဟိုမှာ သူငယ်ချင်း တစ်ယောက်ရဲ့ အဖေက အလုပ်လုပ်နေတော့ လူလွှတ်ပြီး ကြိုခိုင်းလိုက်လိမ့်မယ်။

ဒီရောက်နေတဲ့ အဖေနဲ့အမေကတော့ စိတ်မချဖြစ်နေလေရဲ့။
မိန်းခလေးတွေတောင် သွားနေတာဆိုတော့ ဘာမှမဖြစ်တန်ကောင်းဘူးထင်ပါရဲ့။
သူငယ်ချင်းတွေ အားလုံးလဲအဆင်ပြေကြပါစေ။

2 comments:

  1. ကိုအောင်ဒင်
    စာတွေလာဖတ်ပါတယ်--
    ပြည်ပရောက် မြန်မာလူမျိုးတွေရဲ့ ဘဝ
    တစေ့တစောင်းကို သိရလို့
    ရင်ထဲမှာလည်းမကောင်းဘူး
    ဖြန့်ဝေပေးတာကျေးဇူးပါရှင်--

    ReplyDelete
  2. ဟုတ်တယ်မသက်ဇင်ရေ။
    သူများတိုင်းပြည်မှာ နေရတာ ဒီလိုပါပဲ။
    လာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete