Monday, September 28, 2009

south think north think

အခုတလော ဘာဖြစ်နေမှန်းမသိဘူး။
သမီးလေးက ချူချာနေတယ်။ မိန်းမလဲ သိပ်နေမကောင်းချင်ဘူး။
ငါကတော့ ဒီနေ့ အအေးမိချင်သလို ဖြစ်နေတယ်။
ပြောရင်းနဲ့တောင် ကိုယ်ပူနေသလားပဲ။
ရုံးမှာ အိုက်တတ်တဲ့သူတွေက အဲယားကွန်းနဲ့ မလောက်လို့ ပန်ကာဖွင့်ကြတာ ပန်ကာက ငါ့ခေါင်းဘက်ကို တိုက်နေတော့ အအေးမိချင်သလိုပါဆိုနေမှ .....

ဟူး..

သြော် ဘ၀ ဘ၀..


ငယ်ငယ်တုန်းကလို ပျင်းပျင်းနဲ့ အိမ်ရှေ့ ခုံတန်းမှာ လှဲအိပ်ပြီး သိုင်းစာအုပ် ၁၀ အုပ်တွဲလောက်ဖတ်လိုက် ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။


ပုလွေသံစဉ် တို့ 
သရဖူငြင်းသောသိုင်းဧကရာဇ် တို့ 
ဧကရာဇ်သခင်နဲ့ သွေးယဇ်ပလင် တို့ 
ဟီးဟီး ပြောရင်းနဲ့တောင် ဖတ်ချင်လာပြီ။


ဒါမှမဟုတ် ဇတ်သည် ညီအစ်ကိုတွေ ငှားတဲ့ ဧကရာဇ် ရဲ့  ရောမခေတ် မြန်မာဇတ်လမ်းတွေ  ဖတ်ရင်တောင်မဆိုးဘူး။ 


ဒါမှမဟုတ် အမေ၀ယ်ပေးတဲ့ ဂစ်တာကိုဆွဲပြီး အိမ်ရှေ့ကိုထွက် အသံသေးအသံကြောင်နဲ့ ဟဲ လိုက်ရမလားပဲ။ သီချင်းတစ်ပုဒ် ပြီးသွားတိုင်း ကျေးဇူးတင်ပါတယ် ဆိုတဲ့ အမေ့ရဲ့ အားပေးစကားကိုလဲ ကြားမိပါရဲ့။






မသိချင်းတွေနဲ့ ရှုပ်နေခဲ့တာ...

2 comments:

  1. ဘဝကြီးကဒီလိုပဲ
    အစကတည်းက မိန်းမမယူပဲ ရှာကျွေးမဲ့ယောက်ကျားရှာယူရမှာ :)
    ဒါမှ အလုပ်ကိုဝင်စို.ထွက်စို.နဲ့ တစ်လကိုးသီတင်းနားချင်ရင်လည်းနားလို.ရမှာ :-))
    ဒါမှမဟုတ် ကလေးထိန်းရာထူးတလှဲ.ပြောင်းယူပြီးအိမ်မှာနေပေါ. :D


    "ကိုနေ" လည်း ခုတလော ပင်ပန်းလို.အလုပ်မသွားချင်ဘူးဆိုပြီး ခဏ ခဏပြောနေလေရဲ.။ သူအလုပ်ဝင်တာ ဒီလ၁၉ရက်နေ့မှာ ၅နစ် ပြည်.ပြီလေ။
    တောင့်ထား တောင့်ထား ၂သန်းထီပေါက်တဲ့ထိပေါ.ဟာ :))

    ဆရာတော် ဦးဇော်တိကရဲ. " အရှုပ်ထဲမှာရှင်းအောင်နေ" ဆိုတဲ့ စာအုပ်ရှိတယ်မလား။
    ညအိပ်ခါနီးတိုင်း ၁၀မိနစ်လောက်ဖတ်အိပ်ပြီး ဝင်လေထွက်လေလည်း မှတ်ပြီးအိပ်လေ ။
    အဲ့ဒါ တစ်ခုတည်းသောအသက်သာဆုံးနီးပဲ လောလောဆယ်ဘဝအနေအထားမှာတော့။

    တစ်မိသားစုလုံး အမြဲကျန်းမာပျော်ရွှင်ကြပါစေ ။

    urs sis,

    ReplyDelete
  2. ဟားဟား
    အစကတဲက ယောင်္ကျား ယူရမှာပေါ့
    မှားသွားတယ်။:P

    ၂ သန်းပေါက်ခဲ့ရင်တောင် ဘယ်သူနဲ့ရှယ်ရမယ်မသိသေးဘူး

    ညအိပ်ရင် ဒီလိုလေ။ ကလေးမရှိတော့ အစ်မကြီးက မသိဘူးထင်တယ်။
    သမီးကို အရင်သိပ်ရတယ်။ သမီးက မီးဖွင့်ထားသမျှ ကာလပတ်လုံး မအိပ်ဖူး။
    ဒီတော့ မီးပိတ်ပြီး သူ့ဘေးမှာဝင်လှဲ အမေတစ်လှည့် အဖေတစ်လှည့် သူကြိုက်တဲ့ သီချင်းလေး ဆိုပြီး သိပ်လိုက်တာ နောက်ဆု့း အဖေကအရင်အိပ်ပျော်သွားတယ် ဟားဟား

    ReplyDelete