Tuesday, September 22, 2009

စင်ကာပူ မှ ရယ်စရာလူများ အကြောင်း (ဖျက်လိုက်ပီ)

ရယ်စရာကောင်းသူများအကြောင်း။

လူတစ်ယောက်ရှိတယ်။ စလုံးမှာနေတာကြာပြီ။ကြာပြီဆို ၈နှစ် ၁၀နှစ်လောက် ရှိရောပေါ့။
ဒါပေမယ့် PR မလျှောက် citizen မပြောင်းပဲနဲ့  S Pass နဲ့ပဲနေတယ်။


သူနဲ့ခင်တဲ့ လူတစ်ယောက် ရှိတယ်ဆိုပါတော့။ အဲဒီလူကလဲ နေတာကြာပြီ ၁၀ နှစ်လောက် ရှိရောပေါ့။ ဒါပေမယ့် Work permit နဲ့ အလုပ်လုပ်ရတာဆိုတော့ လစာနဲတယ်။ တစ်လမှ ၆၅၀ လောက်ပဲရတယ်။ 

(စလုံးမှာ အလုပ်သွားလုပ်နေတယ်ဆိုပြီး ဘာမသိညာမသိ အထင်ကြီးသူများ သတိပြုပါ။ အလုပ်လာလုပ်သူတိုင်း အဆင်မပြေပါဘူး။ လစာမကောင်းပါဘူး။ ဘယ်သူမှ ထမင်းအလကား မကြွေးနိုင်ဘူး။သိပ်ချမ်းသာနေရင်တော့ တစ်မျိုးပေါ့လေ။)


တစ်ရက်တော့ work permit သမားက အိမ်မှာ အလှူ လုပ်လို့  S Pass သမား အပါအ၀င် တခြားဘော်ဒါတွေ ကို ဖိတ်ပြီး မုန့်ကျွေးပါတယ်။ ဒါပေမယ့် S Pass သမားက ရူးချင်ယောင်ဆောင်ပြီး မသွားပါဘူး။ ဘာလို့လဲဆိုတော့ Work permit သမားက လုပ်တဲ့ အလှူ မို့လို့တဲ့။နိမ့်တယ်ပေါ့ဗျာ။


တစ်ရက်တော့ သူ့သူငယ်ချင်းတစ်ယောက် (ကိုသောကြာ ဆိုပါတော့) နဲ့တွေ့တော့ work permit သမားတွေက Beer တိုက်မယ် လိုက်သောက်မလားလို့မေးတော့ ....
ခင်ဗျားတို့ ဘယ်လို ထင်ကြသတုန်း? ကိုသေကြာရဲ့ ပြန်ပြောချက်အရတော့ အဲဒီညက ကောင်းကောင်းမူးကြတယ်တဲ့ဗျား။ပိုက်ဆံကိုတော့ work permit သမားတွေကပဲ ရှင်းလိုက်ပါတယ်တဲ့။




နောက်ထပ်ရယ်စရာတစ်ခုက အဲဒီ S Pass သမားက စင်ကာပူမှာ နေတာ ကြာပေမယ့် ကွန်ပျူတာတွေ ဘာတွေ သိပ်မသုံးတတ်ဘူး။ Internet banking ကို လုံးဝမသုံးဘူး ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံမှားပြီး လွှဲမိမှာ ဆိုးလို့တဲ့။ စင်ကာပူကို နောက်မှရောက်လာတဲ့ သူ့သူငယ်ချင်းက အင်တာနက်သုံးတယ် laptop ရှိတယ်။


ပိုက်ဆံပေးစရာရှိရင် Bedok ကနေ Chua Chu Kang အထိလာပေးချင်ပေးတာ။ ကျွန်တော်တို့က လာပေးရတာပင်ပန်းပါတယ်။ibanking က လွှဲလိုက်ဆိုတော့  မှားပြီးလွှဲမိမှာကြောက်လို့တဲ့။  


နောက်တော့ ကျွန်တော်တို့က ကိုသောကြာကို DBS က Ibanking sign up လုပ်ရင် ကံစမ်းမဲဖောက်မယ်။
ကံကောင်းရင် ဖုန်းပေါက်နိုင်တယ်။ (သူက prepaid card သုံးနေတာ).
လိုင်းရော ဖုန်းရော အလကားရမယ် လို့ပြောတော့ ကျွန်တ်ေတို့ကိုပဲ မသင်္ကာသလိုကြည့်တယ်။ ကျွန်တော်တို့က ချောက်တွန်းတယ်ပေါ့။ ဟီး ဟီး။ 

 ပြောရင်းနဲ့ တောင် မျက်နှာပြန်မြင်လာလို့ ရယ်ချင်တယ်။အစက သူက ibanking သုံးရင် ပိုက်ဆံပေးရမယ် ထင်သေးတာ။ဟီးဟီး။ 


ကိုသောကြာစလုံးရောက်ပြီး ၁ လပြည့် ခါနီးတော့ သက်တမ်းတိုးဖို့ လုပ်ရောဆိုပါတော့။ အဲဒီတော့ ကျွန်တော်တို့က online က တိုးပေးမယ်။ online က တိုးရတာ အချိန်ကုန် လူပမ်းတာ သက်သာတယ်။ ICA က လူတွေနဲ့ စကားပြောစရာ မလိုဘူးလို့ အကြံဥာဏ်ပေးပေမယ့် (ဒီမှာနေတာ ၁၅နှစ် ကြာပြီဖြစ်တဲ့....) သူ့ရဲ့ယောက်ဖတော်က ICA မှာ သွားတိုးပေးမယ် ဆိုတာနဲ့ သွားကြပါရော။


ဟိုရောက်တော့ သက်တမ်းတိုးဖို့ ထောက်ခံပေးမယ်လဲပြောရော ဘာတော်လဲမေးတော့ ယောက်ဖပါတဲ့။ ဟဲဟဲ ယောက်ဖဆိုရင် ထောက်ခံပေးလို့မရဘူးတဲ့။ အိမ်ထောင်စုစာရင်းထဲမှာလဲ နာမည်မပါဘူး။ ဒီတော့ အဆင်မပြေဘူးပေါ့ဗျာ။


နောက်ဆုံးတော့...  ကျွန်တော်တို့ပဲ အကူအညီပေးလိုက်ရတယ်ပေါ့။



တစ်လောက လူတစ်ယောက်တွေ့တယ်။ ရောက်တာကြာပြီလားဆိုတော့ ကြာပြီတဲ့ ၂ နှစ်လောက်ရှိပြီတဲ့။ ဟဲဟဲ။ တစ်ခါတလေ physics သင်မိတာ သိပ်မကောင်းဘူးလားလို့။


နောက်ထပ်လူတစ်ယောက် ရှိသေးတယ်။ သူက နိုင်ငံရေးအကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ပြောတာ။(BBC နဲ့တောင် အမေးအဖြေလုပ်ဖူးတယ် ဆိုပဲ။) အခုမြန်မာပြည် အလည် ပြန်မယ်ဆိုတော့ သူ့သူငယ်ချင်းတွေ အကုန်လုံးက ၀ိုင်းခြောက်ထားလို့ ကြောက်နေလေရဲ့။ ဟီးဟီး။


ပြောချင်တာက တစ်ခါတလေ လူတွေဟာ တော်တော်ရယ်စရာကောင်းတယ်ဆိုတာပဲ။

အဲဒီအထဲမှာ ကျွန်တော်လဲပါပါတယ်...ကတုံးမတုံးဖြစ်တာ နဲနဲကြာသွားပြီ။

တစ်ခါက သမီးအိပ်နေတုန်း ကတုံးတုံးလိုက်တာ သမီးလဲနိုးလာရော မမှတ်မိသလို မှတ်မိသလိုလိုနဲ့ ငိုမလို ရယ်မလိုဖြစ်နေသေးလို့ မနဲ ပရောပရီ ပြန်လုပ်လိုက်ရတယ်။ဟီးဟီး။


မသိချင်းတွေနဲ့ ရှုပ်နေခဲ့တာ...

the post was removed.

2 comments:

  1. Bar Loe. Done? Pyan tin ,Phat chin Dal..
    Bal Thu Gyi Tway A kyaung: le` hinnnnnnnnn??

    ReplyDelete
  2. hee hee, ma pyaw buu, ah thay khan lite mel

    ReplyDelete