Monday, September 14, 2009

သွေးလှူခြင်း

ရည်ရွယ်ထားတဲ့ အတိုင်းပဲ ဒီနေ့ နေ့လယ်ပိုင်းမှာ သွေးလှူဖြစ်လိုက်တယ်။

ဘာမှမဖြစ်ပဲ ချောချောမောမော ပြီးသွားလို့ တော်သေးတယ်ပြောရမယ်။

အရင်တစ်ခါက စင်တာမှာ သွားလှူတော့ သွေးလှူနေတုန်း ပြီးခါနီးမှာမှ ဆရာမတစ်ယောက် ရောက်လာပြီး သွေးပုလင်းကို လှုပ်ပေးနေတဲ့ စက်က  မလှုပ်ပဲ ရပ်နေလို့ဆိုလားဘာလားမသိဘူး။လျှောက်လုပ်သွားရော။

အဲဒါနဲ့ပဲ သွေးက မထွက်တော့ပဲ ပြီးခါနီးမှ ရပ်နေလို့ တော်တော် ဒုက္ခရောက်လိုက်သေးတယ်။
လက်မောင်းမှာ ထိုးထားတဲ့ အပ်ကို ဖိပေးတော့ နဲနဲတော့ထွက် လာပြီးနောက်ဆုံး လိုချင်တဲ့ ပမာဏရမှပဲ အပ်ဖြုပ်ရတော့တယ်။

 ကြားထဲက ၀င်ပြီးလျှာရှည်သွားတဲ့ ဆရာမကို အစအဆုံး ကူညီပေးတဲ့ ဆရာမက ဒေါသတွေ ထွက်နေသေးလို့ ကိုယ်တောင် ငြိမ်နေလိုက်ရတယ်။ကိုယ်ပါရောပြီး ဆူသွားမှာစိုးလို့။


သွေးလှူပြီး အခုထိတော့ ဘာမှ မဖြစ်သေးဘူး။

အိမ်ပြန်ရောက်တော့ မိန်းမကိုကူ။ အ၀တ်လှမ်း သမီးကို ရေချိုး ထမင်းကျွေး သိပ်ပေး။
ဘာမှတော့ မဖြစ်သေးဘူး။ ညကြမှ မူးမဲ့ပုံပဲ။ ဟားဟား။ သွေးလှူရတာကို တော်တော်ကြိုက်တယ်။
ပိုက်ဆံမကုန်ပဲ ဒါနလုပ်ရလို့။

ဒါတောင် သူငယ်ချင်းတစ်ယောက်က ကိုယ် သွေးလှူတာကို သိသွားလို့
မင်းနှယ် ရောဂါပိုးတွေ လျှောက်ဖြန့် မနေပါနဲ့ကွာတဲ့။ :D

ပြောရင်းဆိုရင်း မူးလာသလားလို့ အိပ်တော့မယ်။

တာ့တာ။




မသိချင်းတွေနဲ့ ရှုပ်နေခဲ့တာ...

No comments:

Post a Comment